ပဲခူးမြို့၌ လုံခြုံရေး တာဝန်ထမ်းဆောင်နေသာ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုများအတွက် ဆန်နှင့် အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်

ပဲခူး စက်တင်ဘာ ၁၈

 

ပဲခူးမြို့တွင် လုံခြုံရေးတာဝန်ထမ်းဆောင်နေသာ တပ်ဖွဲ့ဝင်မိသားစုများ သက်သာချောင်ချိရေးအတွက် ဆန်နှင့် အခြေခံစားကုန်များ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အမှာစကား ပြောကြားပြီး လုံခြုံရေးတာဝန် ထမ်းဆောင်နေသော  တပ်မတော်သားများ၊ ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ဝင်များ၊ အမှတ် () လုံခြုံရေးတပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ဝင်များနှင့် ယာဉ်ထိန်းတပ်ဖွဲ့ဝင်များအတွက် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ခေါက်ဆွဲခြောက်၊ ကြက်ဥနှင့် ထောက်ပံ့ငွေများ ပေးအပ်သည်။

 

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် တိုင်းဒေသကြီးဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ပဲခူးမြို့၊ ချမ်းမြေ့ဇေယျာ သာမဏေကျော် တက္ကသိုလ်ကျောင်းတိုက်အတွင်း သီတင်းသုံးတော်မူကြသည့် ဆရာတော်/ သံဃာတော် အရှင်သူမြတ် (၃၃၈) ပါးအတွက် ဆန် (၇၀) အိတ်၊ ဆီ (၃၄၀) ပိဿာ၊ ကုလားပဲ () အိတ်၊ ဆား () အိတ်နှင့် ကျန်းမာရေးသုံး အထောက်အကူပြု ပစ္စည်းများကို ပဓာနနာယက ဆရာတော်ထံသို့လည်းကောင်း၊ (၁၀) မိုင်ကုန်း၊ ဓမ္မဒူတဗုဒ္ဓ တက္ကသိုလ် ပဓာနနာယကဆရာတော် ဒေါက်တာဘဒ္ဒပညိဿရာဘိဝံသထံ ဆန် (၃၀) အိတ်၊ ဆီ (၁၇၀) ပိဿာ၊ ကုလားပဲ () အိတ်၊ ဆား () အိတ်နှင့် ကျန်းမာရေးသုံး အထောက်အကူပြု ပစ္စည်းများကိုလည်းကောင်း ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်