Oxygen Plant နှင့် အဆောက်အအုံ လွှဲပြောင်းပေးအပ်ပွဲ မကွေးတိုင်းဒေသကြီ ဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက်

မကွေး   ဇန်နဝါရီ   ၂၁

 

မကွေးတိုင်းဒေသကြီး ပြည်သူ့ဆေးရုံတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့အစီအစဉ်ဖြင့် လှူဒါန်းသည့် Oxygen Plant နှင့် အဆောက်အအုံ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ဇန်နဝါရီ ၂၁ ရက် နံနက်ပိုင်းက တိုင်းဒေသကြီး ပြည်သူ့ဆေးရုံကြီး ၅ ထပ်ဆောင်တွင် ပြုလုပ်သည်။

 

အခမ်းအနားတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ လှူဒါန်းသည့် Oxygen Plant နှင့် အဆောက်အအုံအား ဝန်ကြီးချုပ် ဦးတင့်လွင်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်လင်း၊ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်၊ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာသောင်းလှိုင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။

 

ထို့နောက် Oxygen Plant နှင့် အဆောက်အအုံအား ဝန်ကြီးချုပ် ဦးတင့်လွင်က လွှဲပြောင်းပေးအပ်ရာ တိုင်းဒေသကြီး ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဝင်းနီလာလှက လက်ခံရယူပြီး Oxygen Plant နှင့် အဆောက်အအုံအား ဝန်ကြီးချုပ်နှင့်အဖွဲ့က လှည့်လည်ကြည့်ရှုသည်။

 

Oxygen Plant နှင့် အဆောက်အအုံ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားသို့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ တိုင်ဒေသကြီးအဆင့် ဌာဆိုင်ရာတာဝန်ရှိသူများနှင့် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

စည်သူ(မကွေး)