နယူးဇီလန်နိုင်ငံတွင် ကိုဗစ်-၁၉ ထပ်မံကူးစက်ခံရသူ ၄၉ ဦး ရှိလာ

၃ ဧပြီ

 

နယူးဇီလန်နိုင်ငံတွင် ကိုဗစ်-၁၉ ထပ်မံကူးစက်ခံရသူ ၄၉ ဦးရှိလာပြီး ထပ်မံ ဖြစ်နိုင်ချေရှိသူ အရေအတွက် ၂၀ ဦး ရှိကြောင်း သောကြာနေ့တွင် အတည်ပြု ထုတ်ပြန်ခဲ့သည်။ အတည်ပြုပြီး ဖြစ်နိုင်ချေရှိသူ အရေအတွက်စုစုပေါင်း ၈၆၈ ဦး ရှိသည်။

 

ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ မရှိကြောင်းနှင့် ၁၀၃ ဦး ပြန်လည်ကောင်းမွန်လာကြောင်း ကျန်းမာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် Ashley Bloomfield က သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့သည်။

 

အတည်ပြုပြီးဖြစ်သော ကူးစက်ခံရသူများ၏ ထက်ဝက်ခန့်သည် နိုင်ငံခြားခရီးသွားများနှင့်ဆက်စပ်နေပြီး ၃၃ ရာခိုင်နှုန်းသည် ဒေသတွင်း ဖြစ်ပွားမှုများဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ ၁ ရာခိုင်နှုန်းမှာ လူအုပ်စုမှ ကူးစက်ခြင်း ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။

 

နယူးဇီလန်နိုင်ငံသည် အသွားအလာ ပိတ်ဆို့မှု ကို ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က စတင်ကာ အနည်းဆုံး သီတင်းပတ် လေးပတ် လုပ်ဆောင်မည် ဖြစ်သည်။

 

နိုင်ငံတော် အရေးပေါ်အခြေအနေအဖြစ် တရားဝင် ခုနစ်ရက်တိုးမြှင့်ခဲ့သည်။

 

ပိတ်ဆို့ခံထားရသူ မည်သူမဆို စိတ်ကျန်းမာရေး ပြဿနာများကို ဆွေးနွေးရန် အစိုးရ hotline သို့ ခေါ်ဆိုနိုင်ကြောင်း Bloomfield က အကြံပြုပြောကြားထားသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင်ချို