နယူးဇီလန်မှာ ဗိုင်းရပ်စ်ပိုး ထိန်းချုပ်စည်းမျဉ်း စတင်ဖယ်ရှား

၂၁ စက်တင်ဘာ

 

 

နယူးဇီလန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ထိန်းချုပ်ရေး စည်းမျဉ်းအဆင့်အထိ ဒီနေ့ လျှော့ချလိုက်ကြောင်း ဝန်ကြီးချုပ် ဂျက်ဆင်ဒါ အာဒန်က ကြေညာပါတယ်။

 

 

ဗိုင်းရပ်စ်ပိုး ကူးစက်မှု ဗဟိုဖြစ်ခဲ့တဲ့ အော့ကလန်းကလွဲပြီး တစ်နိုင်ငံလုံးကို ဗိုင်းရပ်စ် ထိန်းချုပ်ရေး အဆင့် ၄ ဆင့်ထဲက အဆင့်ဆုံး ၁ အထိ လျှော့ချလိုက်ကြောင်း ဝန်ကြီးချုပ်က ပြောပါတယ်။

 

 

အခုလို လျှော့ချလိုက်တဲ့အတွက် အောက်တိုဘာ ၁၁ ရက်နေ့မှာ ကျင်းပမယ့် ရက်ဘီပြိုင်ပွဲမှာ တားမြစ်မှု မရှိကြောင်း သိရပါတယ်။

 

 

လူဦးရေ ၅ သန်းနေထိုင်တဲ့ နယူးဇီလန်နိုင်ငံမှာ ကိုရိုနာ ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ ၂၅ ဦးရှိပြီး ပိုးတွေ့ရှိသူ ၁,၈၁၅ ဦးရှိကြောင်း ထုတ်ပြန်ထားပါတယ်။ ဒီနေ့ တနင်္လာနေ့မှာ ပိုးတွေ့ရှိသူ မရှိကြောင်း သိရပါတယ်။

 

 

မတ်လကုန်ပိုင်းကစပြီး မေလကုန်အထိ ပိုးတွေ့ရှိသူ မရှိတဲ့ ရက်ပေါင်း ၁၀၂ ရက်နဲ့ မှတ်တမ်းတင်ခဲ့ဖူးပါတယ်။ ဝန်ကြီးချုပ်က နယူးဇီလန်မှာ ပိုးကင်းစင်ရေးဟာ သူတို့ရဲ့ ရည်မှန်းချက်အဖြစ် ဆက်လက်ထားရှိနေကြောင်း ပြောကြားပါတယ်။

 

 

MDN

ကိုးကား - AFP

mdn