နတ်မောက်မြို့နယ်၌ ဝိုင်ယာရှော့ဖြစ်ရာမှ ခရီးသည်တင်ယာဉ် ၁ စီး မီးလောင်

နေပြည်တော် ၂၁ ဇန်နဝါရီ

 

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် မြင်းတဲကြီးကျေးရွာအနီး နတ်မောက်-စိုင်ကောင်း ကားလမ်း မိုင်တိုင်(၁၆/-)ကြား၌ ဇန်နဝါရီ ၁၉ ရက် ၁၀ နာရီ ၁၅ မိနစ်က ခရီးသည်တင်ယာဉ် စီး ဝိုင်ယာရှော့ဖြစ်ရာမှ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ပြည်မြို့ဘက်မှ တောင်ကြီးမြို့ဘက်သို့ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့သစ်နေ ရဲဝင်းထွန်း (၄၃)နှစ်မောင်းနှင်ပြီး ယာဉ်နောက်လိုက်/ခရီးသည် ၂၀ ဦး စုစုပေါင်း ၂၁ ဦးလိုက်ပါလာသည့် YGN 1H/xxxx ခရီးသည်တင် မှန်လုံယာဉ်သည် ဝိုင်ယာရှော့ဖြစ်၍ မီးစတင်လောင်ကျွမ်းခဲ့ရာ မော်တော်ယာဉ် စီး မီးလောင်ဆုံးရှုံးခဲ့ပြီး နာရီ ၂၅ မိနစ်ခန့်အကြာတွင် မီးငြိမ်းသွားခဲ့ကြောင်း၊ အဆိုပါ မီးလောင်မှုကြောင့် လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်းနှင့် ရဲဝင်းထွန်းအား စိုင်ကောင်းနယ်မြေရဲစခန်းမှ အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။

 

MDN

ရဲပြန်ကြား