နတ်မောက်မြို့နယ်၌ ကြက်အုပ်ခြင်းတောင်း ရက်လုပ်ရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ

နတ်မောက်   ဇန်နဝါရီ   ၂၇

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့တွင် ကြက်အုပ်ခြင်းတောင်း ရက်လုပ်ရောင်းချခြင်းဖြင့် မိသားစု အပိုဝင်ငွေရရှိလျက်ရှိကြောင်း သိရသည်။

“ကျွန်တော်တို့ ရပ်ကွက်မှာဆိုရင် ဒီပွင့်လင်းရာသီမှာ ကြက်အုပ်ခြင်းတောင်း ရက်လုပ်ပြီး ရောင်းရတဲ့သူတွေ များပါတယ်၊ ရက်လုပ်ပြီးသားတွေကို မြို့သစ်မြို့၊ တောင်တွင်းမြို့တွေကို အများဆုံးတင်ပို့ ရောင်းချ ရပါတယ်၊ ကြက်အုပ်ခြင်းတောင်း ရက်လုပ်ရာမှာ ကြက်သောင်းဝါး နှစ်လုံးလောက် ကုန်ပါတယ်၊ ကြက်သောင်းဝါး ကတော့ တစ်လုံးကို ၁၀၀၀ ကျပ် ပေးရပါတယ်၊ ကြက်အုပ်ခြင်းရိုးရိုး အကြမ်းတစ်လုံးကို ၅၀၀၀ ကျပ်နဲ့ အချောတစ်လုံးဆိုလျှင် ၈၀၀၀ ကျပ်ထ ိရောင်းရပါတယ်၊ ကျွန်တော်တစ်ယောက်တည်း တစ်နေ့ကို ကြက်အုပ်ခြင်း ငါးလုံးလောက်ထိ ရက်လုပ်နိုင်ပါတယ်”ဟု ကြက်အုပ်ခြင်း ရက်လုပ်ရောင်းချသူ ဦးမင်းအောင်၏ ပြောပြသည်။

လှဝင်း