နတ်မောက်မြို့နယ်၌ အခြေခံပညာကျောင်းများ ဖွင့်လှစ်လျက်ရှိရာ ကျောင်းသား၊ ကျောင်းသူပေါင်း ( ၈၂၀၅  ) ဦး ပညာသင်ကြား

နတ်မောက်    ၂၅   ဇွန်

 

မကွေးခရိုင်၊ နတ်မောက်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းဖွင့်လှစ်သည့်ရက်မှ ယနေ့ထိ ကျောင်းသား/သူပေါင်း ( ၈၂၀၅ ) ဦး တက်ရောက်ပြီး ပညာသင်ကြားလျက် ရှိကြသည်။ 

 

၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် နတ်မောက်မြို့နယ်၌ အခြေခံပညာ အ.ထ.က (  ၁၄ ) ကျောင်း၊ အ.ထ.က(ခွဲ)   (  ၄၃ ) ကျောင်း ၊ အ.လ.က ( ၅၅ ) ကျောင်း၊ အ.လ.က (ခွဲ) ( ၃၁ ) ကျောင်း၊ မူလွန် ( ၂၈ ) ကျောင်း၊ အ.မ.က ( ၃၅ ) ကျောင်းနှင့် အ.မ.က (ခွဲ) (၅) ကျောင်း၊ စုစုပေါင်း (၂၁၁) ကျောင်း ဖွင့်လှစ်ကာ ပညာသင်ကြားလျက်ရှိပြီး ယနေ့ထိ မူလတန်း (၄၉၇၀) ဦး၊ အလယ်တန်း ( ၂၇၈၆ ) ဦး၊ အထက်တန်း ( ၄၄၉ ) ဦး၊ ကျောင်းသား/ကျောင်းသူ စုစုပေါင်း                   (  ၈၂၀၅ ) ဦး အေးချမ်းစွာ ပညာသင်ကြားလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။

 

အဆိုပါ ကျောင်းများဖွင့်လှစ်သင်ကြားရာတွင် ကိုဗစ် (၁၉) ရောဂါ ကြိုတင်ကာကွယ်ရေး စည်းကမ်းချက်၊ လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ ဆောင်ရွက်ထားရှိပြီး ကျောင်းလုံခြုံရေးနှင့် ကျောင်းသား၊ ကျောင်းသူများ၏ လုံခြုံရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် တာဝန်ရှိသူများက ပူပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

 

ဖြိုးအိအိဇော်(နတ်မောက်)