နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ပဲစင်းငုံစံကွက်များ စတင်ရိတ်သိမ်း

နတ်မောက်   ဇန်နဝါရီ   ၂၂

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့် ဆက်စပ်ဌာနများ၊ တောင်သူများ ပူးပေါင်းပြီး ပဲစင်းငုံစံကွက်များ စတင်ရိတ်သိမ်းလျက်ရှိသည်။

နတ်မောက်မြို့နယ်တွင် ဆီထွက်သီးနှံနှင့် ပဲမျိုးစုံ အများဆုံးစိုက်ပျိုးပြီး ပဲမျိုးစုံစိုက်ဧကနှင့် အထွက်နှုန်း တိုးတက်ရေး ဦးတည်ဆောင်ရွက်လျက်ရှိသော မြို့နယ်တစ်ခုဖြစ်သည်။ ထိုသို့ဆောင်ရွက်ရာတွင် ပဲမျိုးစုံအနက်မှ ပဲစင်းငုံသီညှပ် သီးသန့်အနေဖြင့် ဧက ၃၃၀၀၀ ခန့် စိုက်ပျိုးထားရှိကြောင်း သိရသည်။

သင်းသင်းမြတ်