နပန်းအဖွဲ့ချုပ် ဥက္ကဋ္ဌဖလားနှင့် 30th SEA Games ပြိုင်ပွဲအတွက် လူရွေးပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

ရန်ကုန် ၂၇ ဧပြီ

 

၂၀၁၉ ခုနှစ်၊ မြန်မာနိုင်ငံ နပန်းအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပပြုလုပ်သည့် အဖွဲ့ချုပ်ဥက္ကဋ္ဌဖလားပြိုင်ပွဲနှင့် (၃၀)ကြိမ်မြောက် အရှေ့တောင်အာရှအားကစား ပြိုင်ပွဲအတွက် နပန်းလူရွေးချယ်ပြိုင်ပွဲ ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ သိမ်ဖြူအားကစားခန်းမ၌ ကျင်းပသည်။

 

mdn

 

အစီအစဉ်အရ မြန်မာနိုင်ငံ နပန်းအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးရဲထွန်းက အဖွင့်အမှာစကား ပြောကြားကာ ပြိုင်ပွဲအား ဖွင့်လှစ်ပေးခဲ့ပြီး ပြိုင်ပွဲဝင်အသင်းများအား အဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လိုက်လံနှုတ်ဆက်ကြသည်။ ဆက်လက်၍ ပြိုင်ပွဲဝင်အသင်းများက အားကစားသမားသစ္စာအဓိဋ္ဌါန် (၄)ချက်ရွတ်ဆိုကာ ပထမနေ့ ပြိုင်ပွဲများ စတင်ကျင်းပခဲ့သည်။

 

mdn

 

အဖွဲ့ချုပ်ဥက္ကဋ္ဌဖလားနှင့် SEA Games လူရွေးချယ်ပြိုင်ပွဲတွင် ရန်ကုန်(သိပ္ပံ)၊ မန္တလေး(သိပ္ပံ) တနင်္သာရီ၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအသင်း၊ Hello Club (MMA) အသင်းနှင့် ကာကွယ်ရေးအသင်းတို့မှ ပြိုင်ပွဲဝင် အားကစားသမား (၃၉)ဦးတို့ ပါဝင်ယှဉ်ပြိုင်ကြပြီး အမျိုးသား (Free Style)ပြိုင်ပွဲ၊  အမျိုးသား (Greco Romon)ပြိုင်ပွဲနှင့် အမျိုးသမီး (Free Style)ပြိုင်ပွဲ (၃)မျိုး ကျင်းပပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

(သတင်းစဉ်)