မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် World Cup 2022 ကမ္ဘာ့ဖလား ခြေစစ်ဘောလုံးပြိုင်ပွဲများနှင့် AFC Asian Cup 2023 အာရှဖလား ခြေစစ်ဘောလုံးပွဲစဉ်များအား  မန္တလေးမြို့ မန္တလာသီရိ အာကစားကွင်းနှင့် ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်းတို့တွင် ယှဉ်ပြိုင်ကစားကြမည်ဖြစ်ရာနိုဝင်ဘာလ ၁၄ ရက် ညနေ ၅ နာရီတွင်  မြန်မာအသင်းနှင့် တာဂျစ်ကစ္စတန်အသင်းတို့သည် မန္တလေးမြို့၊ မန္တလာသီရိ အားကစားကွင်းလည်းကောင်း၊နိုဝင်ဘာလ ၁၉ ရက် ညနေ ၅ နာရီတွင် မြန်မာအသင်းနှင့် မွန်ဂိုလီးယား အသင်းတို့သည်မန္တလေးမြို့၊ မန္တလာသီရိ အားကစားကွင်းလည်းကောင်း ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပါသည်။ နိုဝင်ဘာလ ၁၄ ရက်တွင် ကျင်းပမည့်ပွဲစဉ်အားယင်းနေ့ ညနေ ၄ နာရီ ၄၅ မိနစ်မှ စတင်၍ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား(MRTV)၊ MRTV Sports Channel နှင့် မြန်မာ့အသံ ရေဒီယိုအစီစဉ်တို့မှ တိုက်ရိုက်ထုတ်လွှင့် သွားမည်ဖြစ်ကြောင်း သိရသည်။