နန်းယွန်းမြို့၌ နာဂရိုးရာနှစ်သစ်ကူးပွဲကျင်းပ

နန်းယွန်း ၁၅ ဇန်နဝါရီ

 

နာဂတစ်မျိုးသားလုံး၏ ရိုးရာယဉ်ကျေးမှု ထိန်းသိမ်းခြင်းအားဖြင့် အမျိုးသားဂုဏ်မြှင့်တင်စေရန် ရည်ရွယ်၍ နာဂရိုးရာနှစ်သစ်ကူးပွဲကို ယနေ့နံနက် နာရီက နန်းယွန်းမြို့၊ ရောကော့ရပ်ကွက်ရှိ နာဂစာပေနှင့် ယဉ်ကျေးမှုကော်မတီပိုင်ကွင်းတွင် ကျင်းပခဲ့သည်။

 

အခမ်းအနားတွင် နိုင်ငံတော်အလံအလေးပြုခြင်းနှင့် နာဂရိုးရာသီချင်း သီဆိုဖွင့်လှစ်ကြသည်။ ဆက်လက်၍ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစိမ်းမောင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင့်ဇော်ထက်က နှုတ်ခွန်းဆက်စကားပြောကြားပြီး နာဂရိုးရာစာပေနှင့် ယဉ်ကျေးမှု မြို့နယ်ကော်မတီ၊ အတွင်းရေးမှူး ဦးကျင်းဆောင်က နာဂရိုးရာစာပေနှင့် ယဉ်ကျေးမှုကော်မတီ(ဗဟို) ဥက္ကဋ္ဌမှ ပေးပို့သောသဝဏ်လွှာကို ဖတ်ကြားပြီး မြို့မိမြို့ဖဒေါ်ရင်းနွယ်က နာဂရိုးရာနှစ်သစ်ကူးနေ့ဖြစ်ပေါ် လာပုံသမိုင်းအကျဉ်းကို ရှင်းလင်းပြောကြားခဲ့သည်။

 

ထို့နောက် နာဂရိုးရာနှစ်သစ်ကူးနေ့ အထိမ်းအမှတ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့သော အမျိုးသားဘောလီဘော၊ ပိုက်ကျော်ခြင်း၊ ရိုးရာလောက်လွှဲပစ်ပြိုင်ပွဲများတွင် ဆုရရှိသူများအား တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ခဲ့ပြီး နှစ်သစ်ကူးပွဲ လာရောက်သူများအား နာဂရိုးရာအစားအသောက်များဖြင့် တည်ခင်းဧည့်ခံခဲ့ကြကြောင်း သိရသည်။

 

ဟန်ကမ်း(နောင်ယန်းသျှင်)