ညောင်ဦးမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် အခြေခံပညာကျောင်း ၁၀ကျောင်း အဆင့်တိုးမြှင့်ဖွင့်လှစ်ခွင့်ရရှိ

ညောင်ဦး  ၂၉  ဇွန်

 

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ၂၀၂၀-၂၀၂၁ ပညာသင်နှစ်အတွက် အခြေခံ ပညာကျောင်း ၁၀ကျောင်းအဆင့်တိုးမြှင့် ဖွင့်လှစ်ခွင့်ရရှိကြောင်း ညောင်ဦးမြို့နယ် ပညာရေးမှူးရုံးထံက သိရသည်။

 

အဆင့်တိုးမြှင့်ဖွင့်လှစ်ခွင့်ရရှိသည့် ကျောင်း ၁၀ကျောင်းတွင် အခြေခံပညာမူလတန်းလွန်မှ အခြေခံပညာမူလတန်းကျောင်း-ခွဲ(၁)ကျောင်း၊ အခြေခံပညာမူလတန်းကျောင်းမှ အခြေခံပညာ မူလတန်းလွန်ကျောင်း (၇)ကျောင်း၊ ကိုယ့်အားကိုယ်ကိုးကျောင်းအဖြစ်မှ အခြေခံပ ညာမူလတန်းကျောင်း-ခွဲ အဖြစ်အဆင့်တိုးမြှင့်ဖွင့်လှစ်ခွင့်ရရှိသည့် ကျောင်း (၂)ကျောင်းဖြစ်ကြောင်း သိရပြီး ညောင်ဦးမြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း (၂၁၉)ကျောင်းရှိကြောင်း သိရသည်။

 

မောင်မောင်ထိန်၊ကျောက်ပန်းတောင်း