ညောင်တုန်းမြို့နယ်ရှိ ချောင်းကြီးကျေးရွာစာကြည့်တိုက်သို့ စာအုပ်၊ စာစောင်များလှူဒါန်း

ညောင်တုန်း၊ ၂၃  ဇန်နဝါရီ

 

ကျေးရွာစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ရေရှည်တည်တံ့စေရန်ရည်ရွယ်၍ ညောင်တုန်းမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်၊ စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့တို့ ပူးပေါင်းပြီး ဇန်နဝါရီ ၂၂ ရက်‌က ချောင်းကြီးကျေးရွာ ထက်ဘဝလမ်းညွှန်စာကြည့်တိုက်၌ စာအုပ်၊ စာစောင်များ လှူဒါန်းပေးခဲ့သည်။

 

လှူဒါန်းရာတွင် ထက်ဘဝလမ်းညွှန်စာကြည့်တိုက်အတွက် သုတ/ရသ စာအုပ်များနှင့် စာစောင်များကို မြို့နယ် ပြန်/ဆက်ဦးစီးမှူး ဒေါ်တင်တင်လှိုင်က လှူဒါန်းပေးအပ်ရာ ထက်ဘဝလမ်းညွှန်စာကြည့်တိုက် အတွင်းရေးမှူး ဦးတေဇစိုးက လက်ခံရယူခဲ့ကြောင်း သိရသည်။  

(မြို့နယ် ပြန်/ဆက်)