နည်းပြဘဝကို ပြန်လည်စတင်ဖို့ ဆန္ဒရှိနေတာကြောင့်စပါးအသင်းရဲ့အခြေအနေကို မော်ရင်ဟို စောင့်ကြည့်နေ

၁၀  အောက်တိုဘာ

နည်းပြ မော်ရင်ဟိုဟာ နည်းပြဘဝကို ပြန်လည်စတင်ဖို့ လမ်းကြောင်းရှာနေပြီး စပါးအသင်းရဲ့ အခြေအနေကို စောင့်ကြည့်နေတယ်လို့ ဆိုပါတယ်။ နည်းပြ မော်ရင်ဟိုဟာ ပြီးခဲ့တဲ့ဒီဇင်ဘာလကတည်းက မန်ယူအသင်းရဲ့ ထုတ်ပယ်ခြင်းကို ခံခဲ့ရပြီးချိန်ကစလို့ အသင်းလက်မဲ့ဖြစ်နေတာ ဖြစ်ပါတယ်။

စပါးအသင်းကလည်း အခုနှစ်ဘောလုံးရာသီမှာ အသင်းရဲ့ရလဒ်ပိုင်းတွေ ဆိုးရွားနေတာကြောင့် ပေါ်တူဂီ နိုင်ငံသားနည်းပြ မော်ရင်ဟိုကို ပိုချက်တီနိုရဲ့နေရာမှာ အစားထိုးဖို့လည်း စီစဉ်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ စပါးအသင်းတာဝန်ရှိသူတွေကတော့ ၂၀၁၄ ခုနှစ်ကစတင်ပြီး တာဝန်ယူကိုင်တွယ်နေတဲ့ နည်းပြ ပိုချက်တီနိုကိုထုတ်ပယ်ဖို့ အစီအစဉ်မရှိဘူးလို့ ဆိုပါတယ်။

နည်းပြ မော်ရင်ဟိုဟာ အခုနှစ်ဘောလုံးရာသီ မစတင်မီက အသင်းဟောင်း ရီးယဲလ်မက်ဒရစ်အသင်း နည်းပြအဖြစ် တာဝန်ယူလိုတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် လက်ရှိအချိန်အထိတော့ ဘယ်အသင်းကမှ ခေါ်ယူလိုကြောင်း ပွင့်ပွင့်လင်းလင်း မပြောကြားသေးတာ ဖြစ်ပါတယ်။ ရီးယဲလ်မက်ဒရစ်ကလည်း လက်ရှိနည်းပြ ဇီဒန်းလက်ထက်မှာ လာလီဂါမှာ ရလဒ်ပိုင်းတွေ ပြန်လည်ကောင်း မွန်နေပြီ ဖြစ်ပါတယ်။

ငွေကြယ်