နမ့်ခမ်းမြို့ရှိ ဌာနဆိုင်ရာ ဝန်ထမ်းများအား ပထမအကြိမ် COVID-19 ရောဂါကာကွယ်ဆေး   ထိုးနှံပေး

နမ့်ခမ်း၊   ၁၄  ဇွန်

 

မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ် ဌာနဆိုင်ရာ ဝန်ထမ်းများအား COVID-19 ရောဂါကာကွယ်ဆေး Vaccine(Doses) ပထမအကြိမ် ထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်း ၉ နာရီက နမ့်ခမ်းမြို့နယ် ပြည်သူ့ဆေးရုံး အစည်းအဝေးခန်းမ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

 

COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မြန်မာနိုင်ငံသို့ ပေးပို့လာသည့် COVID-19 ရောဂါကာကွယ်ဆေး Vaccine (Doses)ကို နမ့်ခမ်းမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာ ဝန်ထမ်းများအား ဇွန်လ ၁၄ ရက်နှင့် ၁၅ ရက်တို့တွင် နံနက်(၉)နာရီမှ မွန်းလွဲ (၁)နာရီထိ ပထမအကြိမ် ထိုးနှံပေးသည်။

 

COVID-19 ရောဂါကာကွယ်ဆေး ထိုးနှံခြင်းကို ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဝန်ထမ်းများက လာရောက်ထိုးနှံလျက်ရှိကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)

mdn