နမ့်စန် - မိုးနဲ - မိုင်းတုံ - မိုင်းဆတ် ပြည်ထောင်စုလမ်း မိုးနဲလမ်းပိုင်း ကတ္တရာလမ်းတိုးချဲ့ခင်းခြင်းလုပ်ငန်း ပြီးစီး

မိုးနဲ ဇန်နဝါရီ ၂၄

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ် နမ့်စန် - မိုးနဲ - မိုင်းတုံ - မိုင်းဆတ် ပြည်ထောင်စုလမ်း မိုးနဲလမ်းပိုင်း မူလအကျယ် ၁၂ ပေမှ ၁၈ ပေ ကတ္တရာလမ်း တိုးချဲ့ခင်းခြင်းလုပ်ငန်းကို မြို့နယ်လမ်းဦးစီးဌာနမှ ထာဝန်ယူ ဆောင်ရွက်ပေးလျက်ရှိရာ လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးနေပြီ ဖြစ်ကြောင်း သိရသည်။

 

အဆိုပါလမ်းကို ၂၀၂၁-၂၀၂၂ (၆)လဘဏ္ဍာရေးနှစ် ပြည်နယ်ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေ ကျပ် ၁၆၆ ဒသမ ၅ သန်းဖြင့် မူလလမ်းအကျယ် ၁၂ ပေမှ ၁၈ ပေ၊ အရှည် ၅၄ ဒသမ ၆၅ ကီလိုမီတာမှ ၅၅ ဒသမ ၂၅ အထိ၊ သုည ဒသမ ၆ ကီလိုမီတာကို လမ်ဝဲ/ယာ တစ်ဖက်သုံးပေစီ တိုးချဲ့ကတ္တရာလမ်း အဆင့်မြှင့်တင် ဆောင်ရွက်ခဲ့ရာ လုပ်ငန်း‌ဆောင်ရွက်မှုများ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်လမ်းဦးစီးဌာနမှ ဦးမိုးလွင်၏ ပြောကြားချက်အရ သိရသည်။

 

မျိုးညွန့်ရွှေ (မိုးနဲ)