နမ့်ဆန်၌ ပြည်ပမှဝင်ရောက်လာသူ(၄၀ဝ)ကျော်ရှိပြီး အဆိုပါသူများအား (၁၄)ရက် စောင့်ကြပ်ကြည့်ရှုရေး စခန်းတွင် ထားရှိ

နမ့်ဆန် ၈ ဧပြီ

 

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်၌ မတ်(၇)ရက်နေ့ ညနေအထိ ပြည်ပမှဝင်ရောက်လာသူ (၄၀ဝ)ကျော်ရှိပြီး အဆိုပါပြည်ပမှ ပြန်လည်ဝင်ရောက် လာသူများအား ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးအတွက် ကျေးရွာအဆင့် စောင့်ကြပ်ကြည့်ရှုရေး စခန်းတွင် စောင့်ကြပ်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။

 

အဆိုပါ ပြည်ပမှဝင်ရောက်လာသူများတွင် ထိုင်းနိုင်ငံမှ (၁၁)ဦး၊ စင်ကာပူနိုင်ငံ(၁)ဦး၊ တရုတ်နိုင်ငံ (၃၉၉)ဦး စုစုပေါင်း (၄၁၁)ဦးရှိပြီး အဆိုပါသူများအား ကျေးရွာမှစီစဉ်ထားသည့် Community Based Facility Quarantine (၁၄)ရက်စောင့်ကြည့်စခန်းအဖြစ် စာသင်ကျောင်း (၁၁)ကျောင်းတွင် လူဦးရေ(၈၁)ဦး၊ စာကြည့်တိုက်(၁)တိုက်တွင် (၅)ဦးနှင့်လူနေအိမ် (၁၅၄)အိမ်တွင် လူဦးရေ (၃၀၇)ဦး တို့ကို အသီးသီးစောင့်ကြပ်ကြည့်ရှုထားကြောင်းသိရသည်။ မတ်(၇)ရက်နေ့က အာရမ်းကျေးရွာမှ ဖွင့်လှစ်ထားသည့် Community Based Facility Quarantine (၁၄)ရက်စောင့်ကြည့်စခန်းတွင် နိုင်ငံခြားပြန်လူဦးရေ(၁၈)ဦးသည် (၁၄)ရက်ပြည့်၍ ထူးခြားမှုမရှိသဖြင့် မိမိနေအိမ်သို့ ပြန်လည်နေထိုင်စေခဲ့ကြောင်း သိရသည်။

 

အောင်မိုး(နမ့်ဆန် ပြန်/ဆက်)