နမ့်ဆန်မြို့နယ် သမိုင်းဝင်မြတ်တောင်ရိုးဘုရား စေတီထီးတော်တင်ပွဲ ကျင်းပ

နမ့်ဆန်  ၁၇  ဖေဖော်ဝါရီ

 

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် သမိုင်းဝင်မြတ်တောင်ရိုး ဘုရားကုန်းပေါ်တွင် ဘုရားအနေကဇာတင်ခြင်း၊ စေတီတော် ထီးတင်ခြင်းအခမ်းအနားကို ယမန်နေ့ က ကျင်းပပြုလုပ်ခဲ့သည်။

 

အဆိုပါ မြတ်တောင်ရိုးစေတီတော်သည် နမ့်ဆန်မြို့နယ်၏ သမိုင်းဝင်ဘုရားတစ်ခုဖြစ်ပြီး ယခင်နှစ်က တိုက်ပွဲဖြစ်ပွားမှုကြောင့် စေတီပုထိုးများ၊ ဘုရားရုပ်တုတော်များ၊ ဓမ္မရုံများ ထိခိုက်ပျက်စီးမှုများ ရှိခဲ့ပါသည်။ ယခုအခါတွင် ပျက်စီးသွားသော စေတီပုထိုးများ၊ ဘုရားရုပ်တုတော်များ၊ ဓမ္မရုံများတို့ကို ပြုပြင်မွမ်းမံပြီး ငြိမ်းချမ်းရေးစေတီတော်အသစ်တစ်ဆူကိုပါ ထပ်မံတည်ထားကိုးကွယ် ခဲ့ကြသည်။

 

ယမန်နေ့က ပြုပြင်မွမ်းမံပြီးသော စေတီပုထိုးများ၊ ဘုရားရုပ်တုတော်များ၊ ဓမ္မရုံနှင့် ဘုရားစောင်းတန်းတို့ကို ရေစက်ချခြင်း၊ ကထိန်အောင်ပွဲကျင်းပခြင်းနှင့် သက်ကြီးပူဇော်ပွဲတို့ကို အလှူရှင်များ၊ ဒေသဦးစီးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ရပ်နီး/ရပ်ဝေးမှ မိဘပြည်သူများတို့ကိုပင့်ဖိတ်၍ ဆရာတော်/သံဃာတော်များတို့က စေတီတော်မြတ်ကြီးကို ထီးတော်တင်ခြင်း၊ ဘုရားအနေကဇာတင် ပြီးရေစက်ချ လှူဖွယ်ဝတ္ထုများကို ဆက်ကပ်လှူဒါန်းနိုင်ခဲ့ပြီး ထီးတင်ပွဲကို (၂)ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့ကြောင်း သိရသည်။

 

အောင်မိုး (နမ့်ဆန် ပြန်/ဆက်)

 

nan san