နိုင်ဂျီးရီးယားအသင်း  အာဖရိကနိုင်ငံများဖလား ၁၆ သင်းအဆင့် တက်လှမ်း

နိုင်ဂျီးရီးယားအသင်းဟာ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲ အုပ်စု(D)ရဲ့ အုပ်စုအဆင့် ဒုတိယပွဲစဉ်အဖြစ် ဆူဒန်အသင်းနဲ့ ဇန်နဝါရီ ၁၅ ရက် ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့ရာ ဆူဒန်အသင်းကို သုံးဂိုး-တစ်ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး နောက် အာဖရိကနိုင်ငံများဖလား ၁၆ သင်းအဆင့်ကို တက်လှမ်းခွင့် ရရှိခဲ့ပြီဖြစ်ပါတယ်။

အခုပွဲစဉ်မှာ နိုင်ဂျီးရီးယားအသင်းအတွက် သွင်းဂိုးတွေကို ပွဲကစားချိန် သုံးမိနစ်မှာ ချူးကျေဇီ၊ ပွဲကစားချိန် ၄၅ မိနစ်မှာအာငိုနီယီ နဲ့ ပွဲကစားချိန် ၄၆ မိနစ်မှာ ဆီမွန်တို့က သွင်းယူပေးခဲ့တာဖြစ်ပြီး ဆူဒန်အသင်းအတွက် ချေပဂိုးတစ်ဂိုးကိုတော့ ပွဲကစားချိန် မိနစ် ၇၀ မှာရရှိခဲ့တဲ့ ပင်နယ်တီသွင်းဂိုးကို ဒိုင်ယင်းက အမှားအယွင်းမရှိကန်သွင်း နိုင်ခဲ့တာကြောင့် ရရှိခဲ့တာဖြစ်ပါတယ်။

နိုင်ဂျီးရီးယားအသင်းဟာ အုပ်စု(D)ရဲ့ အဖွင့်ပွဲစဉ်မှာ အီဂျစ်အသင်းကို တစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ တာကြောင့် လက်ရှိမှာ ရမှတ်ခြောက်မှတ်နဲ့ အမှတ်ပေးဇယားထိပ်မှာ ဦးဆောင်နေတာဖြစ်ပြီး နိုင်ဂျီးရီးယားအသင်းဟာ ကမ္ဘာ့အဆင့်သတ်မှတ် ချက် ၁၂၅ နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

နိုင်ဂျီးရီးယားအသင်းဟာ အုပ်စု(D)မှာ အုပ်စုအဆင့် ပထမနေရာနဲ့ ၁၆ သင်းအဆင့် တက်လှမ်းခွင့် ရရှိခဲ့ပါက ၁၆ သင်းအဆင့်မှာ အခြားသော အုပ်စုမှ အုပ်စုအဆင့် တတိယအကောင်းဆုံးနေရာနဲ့ တက်လှမ်းလာတဲ့အသင်းနဲ့ ယှဉ်ပြိုင် ကစားရမှာလည်း ဖြစ်ပါတယ်။

အခြားသောအုပ်စုတွေမှာလည်း နှစ်ပွဲကစားပြီးချိန်မှာ ရမှတ်ခြောက်မှတ်စီရရှိထားတဲ့ အိမ်ရှင် ကင်မရွန်းအသင်းနဲ့ မော်ရိုကိုအသင်း၊ ရမှတ် လေးမှတ်စီရရှိထားတဲ့ ဂီနီယာအသင်း၊ ဂါဘွန်အသင်းနဲ့ ဆီနီဂေါအသင်းတို့ဟာလည်း အာဖရိက နိုင်ငံများဖလားပြိုင်ပွဲရဲ့ ၁၆ သင်းအဆင့် တက်လှမ်းဖို့ သေချာနေပြီ ဖြစ်ပါတယ်။

ငွေကြယ်