နီနီခင်ဇော်၏ "ပါတီခင်ဇော်"အယ်လ်ဘမ်အတွက် အမှတ်တရ လက်မှတ်ရေးထိုးပွဲ ကျင်းပ

၂  အောက်တိုဘာ

 

 

တေးသံရှင် နီနီခင်ဇော်၏ လေးခွေမြောက် တစ်ကိုယ်တော် အယ်လ်ဘမ်ဖြစ်သည့် ပါတီခင်ဇော်ဟု အမည်ပေးထားသော သီချင်းခွေ(Audio CD)ကို Bo Bo တေးထုတ်လုပ်ရေးမှ စက်တင်ဘာ ၂၈ ရက်က စတင်ဖြန့်ချိလိုက်ပြီး ရန်ကုန်မြို့အတွက် ပရိုမိုးရှင်းပွဲကို လှည်းတန်းစင်တာ၌ ကျင်းပခဲ့ကာ ယင်းပရိုမိုးရှင်းပွဲတွင် နီနီခင်ဇော်နှင့်အတူ Featuring ပါဝင်သီဆိုပေးထားသော သရုပ်ဆောင် ပိုင်တံခွန်ကလည်း ပရိသတ်များကို အမှတ်တရလက်မှတ်များ ရေးထိုးပေးခဲ့ကြောင်းသိရသည် ။

 

 

"ဒီအယ်လ်ဘမ်လေးရဲ့ နာမည်ကို အားလုံးကလည်း ထူးဆန်းနေကြတယ်ပေါ့နော်။ ပါတီပွဲတွေကို အမြဲသွားနေတဲ့ သူငယ်ချင်းတွေဆီကနေ ဒီနာမည်လေးကို ပေးဖြစ်တာပါ။ ပရိသတ်တွေရဲ့ ပါးစပ်မှာလည်း စွဲသွားအောင်လို့ပါ၊ သီချင်းကတော့ ပါတီပွဲတွေကို အမြဲသွားတဲ့ ကောင်မလေး တစ်ယောက် အကြောင်းပါပဲ၊ ဒီအယ်လ်ဘမ်မှာ နီနီရေးထားတဲ့သီချင်း ခြောက်ပုဒ် ပါပါတယ်၊ ရှေ့ဆက်ပြီးတော့ အယ်လ်ဘမ်တစ်ခုလုံးကို ကိုယ်တိုင်ရေးပြီး ဆိုနိုင်အောင်လည်း ကြိုးစားနေပါတယ်" ဟု နီနီခင်ဇော်က ပြောသည်။

 

 

တေးသံရှင် နီနီခင်ဇော် အနေဖြင့် ထပ်မံပြီး တစ်ကိုယ်တော် ဖျော်ဖြေပွဲကို နိုဝင်ဘာ ၂ ရက်တွင် မန္တလေးမြို့ရှိ Mingalar Mandalay ၌ "ပါတီ REDvolution in Mandalay!" အမည်ဖြင့် ကျင်းပသွားရန်လည်း စီစဉ်ထားကာ ထိုရှိုးပွဲအတွက် လက်မှတ်များကိုလည်း လှည်းတန်းစင်တာ ပရိုမိုးရှင်းပွဲ၌ သီချင်းခွေနှင့်အတူ ရောင်းချခဲ့သည်။

 

 

ကိုလင်း