ငါ့သရောက်မြို့ ဗိုလ်ချိုဘုရားပွဲနှင့် ဈေးပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်

င့ါသရောက် ၄ ဇန်နဝါရီ   

 

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ငါ့သရောက်မြို့တွင် နှစ်စဉ်ကျင်းပလျှက်ရှိသော  ဗိုလ်ချိုဘုရားပွဲနှင့် ဈေးပွဲတော်အား ပြာသိုလဆန်း (၁၀)ရက်နေ့မှ ပြာသိုလကွယ်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်ကြောင်း ဗိုလ်ချိုဘုရား(မြနန္ဒာကျောက်ထီးဘုရား) ဂေါပကအတွင်းရေးမှူး ဦးနေလင်းထံက သိရသည်။

 

အဆိုပါ  ဗိုလ်ချိုဘုရားပွဲဈေးပွဲတော်မှာ  ငါ့သရောက်မြို့၌ ရှေးအစဉ်အဆက်ကတည်းက ကျင်းပလာသည့် ပွဲတော်ဖြစ်ပြီး အနယ်နယ်အရပ်ရပ်မှ (၁၂)ပွဲဈေးသည်များ လာရောက်ရောင်းချကြကာ အဝတ်အထည်နှင့် လူသုံးကုန်များ၊ အိမ်အသုံးအဆောင်ပစ္စည်းများ၊ လယ်ယာလုပ်ငန်းခွင်သုံး  ပစ္စည်းကိရိယာများ၊ လာရောက် ရောင်းချကြသည့် ပွဲတော်တစ်ခုဖြစ်ရာ ငါ့သရောက်နယ် ဒေသခံတောင်သူလယ်သမားများအတွက် အသုံးဝင်သော ပစ္စည်းများဖြစ်၍ ပတ်ဝန်းကျင်ကျေးရွာများမှ ကားများ၊ လှည်းများဖြင့် လာရောက်ဝယ်ယူလေ့ရှိကြောင်း သိရပြီး  ဆိုင်ခန်းပေါင်း(၂၈၀)ကျော် ဆောက်လုပ်မည်ဖြစ်ကာ ဗိုလ်ချိုဘုရားကြီး (မြနန္ဒာကျောက်ထီးဘုရား) ဆွမ်းကပ် ဆွမ်းရေစက်ချခြင်းကို  ပြာသိုလပြည်ကျော် (၁၀)ရက်နေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။    

 

မောင်မောင်ထိန်၊ကျောက်ပန်းတောင်း

 

111.jpg