ငါးသိုင်းချောင်းမြို့၌ တည်းခိုခန်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး ကွင်းဆင်းစစ်ဆေး

ငါးသိုင်းချောင်း  ၂၃  မေ

 

ဧရာဝတီတိုင်းဒသကြီး၊ ငါးသိုင်းချောင်းမြို့၌ ကိုဗစ်-၁၉ ရောဂါကာလအတွင်း မြို့ပေါ်ရှိတည်းခိုခန်းများ စနစ်တကျ ပြန်လည်ဖွင့်လှစ်နိုင်ရေး ကြိုတင်ပြင်ဆင်‌ဆောင်ရွက်ထားရှိရမည့် ကိစ္စရပ်များအား အသိပညာပေးခြင်းနှင့် ကနဦး စစ်ဆေးခြင်းကို ယနေ့ နံနက်ပိုင်းက  ဌာနဆိုင်ရာတာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

 

ငါးသိုင်းချောင်းမြို့ရှိ တည်းခိုခန်းများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် သက်ဆိုင်ရာဌာနများ၏ ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိရမည့် အချက်အလက်များနှင့် ဆောင်ရွက်ရမည့်ကိစ္စရပ်များကို  အသိပေးရှင်းလင်းခြင်းဖြစ်ကြောင်း၊ သတ်မှတ်ချက်များ ပြည့်စုံမှု ရှိ မရှိ အခြေအနေများကိုလည်း စစ်ဆေးကာ သက်ဆိုင်ရာ အထက်အဆင့်ဆင့်သို့ တင်ပြဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ငါးသိုင်းချောင်းမြို့ စည်ပင်သာယာရေးအဖွဲ့၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်ညွန့်က ပြောသည်။

 

ဧရာဝတီတိုင်းဒေသကြီး၌ တိုင်းအတွင်းပြေးဆွဲသည့် ယာဉ်လိုင်းများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အစီအစဉ်များဖြင့် စနစ်တကျ ယာဉ်လိုင်းများပြေးဆွဲခွင့် ပြုပေးထားကြောင်း သိရသည်။ 

 

စိုးမင်းဦး(ပြန်/ဆက်)