ငဖဲမြို့နယ် မန်းချောင်းရေလှောင်တမံနှင့်ရင်းရှည်ရေလှောင်တမံအတွင်းသို့ ငါးသားပေါက်ကောင်ရေ (၂၅၀ဝ၀ဝ) စိုက်ထည့်

ငဖဲ ၁၆  စက်တင်ဘာ

 

မကွေးတိုင်းဒေသကြီး၊မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် ဒေသအတွင်းငါးရိက္ခာဖူလုံစေရေး၊ငါးသယံ ဇာတ ပေါကြွယ်ဝစေရေးနှင့် စပါးစိုက်တောင်သူများအနေဖြင့် ငါးနှင့်စပါးပူးတွဲရရှိစေရန် ရည်ရွယ်၍ မင်းဘူးခရိုင် ငါးလုပ်ငန်း ဦးစီးဌာနမှ ငဖဲမြို့နယ်အတွင်းရှိ မန်းချောင်းရေလှောင်တမံနှင့် ရင်းရှည်ရေ လှောင်တမံ အတွင်းသို့ ငါးသားပေါက်ကောင်ရေ ၂၅၀ဝ၀ဝ စိုက်ထည့်ခြင်းကို ယမန်နေ့က အဆိုပါ တမံများတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် မင်းဘူးခရိုင်ငါးလုပ်ငန်းဦးစီးဌာနဦးစီးမှူးဦးတင်ထွန်း နှင့်ပွင့်ဖြူ မြို့နယ်ဦးစီးမှူး ဦးသိန်းကိုကိုထွန်းတို့က ငဖဲမြို့နယ် အမှတ်-၂ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်လွင် နှင့်မင်းဘူးခရိုင် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးအရာရှိ ဦးမြတ်ဇော်သိန်းတို့ထံသို့ ငါးသားပေါက်များပေးအပ်ခဲ့ပြီး တမံများအတွင်းသို့ ငါးမျိုးများကို စုပေါင်းစိုက်ထည့် ခဲ့ကြသည်။

 

အဆိုပါ ငါးမျိုးစိုက်ထည့်မှုတွင် မန်းချောင်းရေလှောင်တမံအတွင်းသို့ ငါးမြစ်ချင်း သားပေါက် ၁၅၀ဝ၀ဝ နှင့် ထိုင်းငါးခုံးမ သားပေါက်  ၅၀ဝ၀ဝနှင့် ရင်းရှည်ရေလှောင်တမံအတွင်းသို့ ထိုင်းငါးခုံးမ သားပေါက် ၅၀ဝ၀ဝ စုစုပေါင်း ငါးသားပေါက်ကောင်ရေ  ၂၅၀ဝ၀ဝ ကို ငါးမျိုးစိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။

 

မယု(ငဖဲ)