ငွေဝင်လာဘ်ရွှင် ဂါထာတော်များ 

၁၀ ဇန်နဝါရီ

 

ဂမ္ဘီရဆရာလှမျိုး (B.Sc) စီစဉ်ရေးသားသည့် ငွေဝင်လာဘ်ရွှင် ဂါထာတော်များ စာအုပ် ထွက်ရှိလာသည်။

 

4

 

ရှေးဆရာတော်ကြီးများ၊ ဆရာကြီးများ ရေးသားပြုစုကြသော ကျမ်းအသီး သီးတွင် ဂါထာနှင့် မန္တန်ပေါင်းစပ်၍ ဂါထာမန္တန်ကျမ်းဟု ရေးသားထား သည်ကို တွေ့ရှိရသည်။ ယေဘုယျအားဖြင့် မန္တန်ဆိုသည်မှာ ရှေ့တွင် "ဥုံ" ပါပြီး "သြောင်း"ရှေ့ကခံလျှင် မန္တရားဟုခေါ်သည်။ ဂါထာတွင် "ဥုံ"၊ "သြောင်း"မထည့်ရ ဟု ဆိုခြင်းဖြစ်သည်။ မန္တန်ရွတ် လာဘ်ရဂါထာမန္တန်ကောင်းကျိုးရရှိ စေရန် နံနက်အိပ်ရာထလျှင် ခံတွင်းသန့်ရှင်း၊ မျက်နှာသစ်၊ ကိုယ်လက် သန့်စင်ပြီး မြတ်စွာဘုရား၊ ရဟန္တာ စသည့်ထူးမြတ်သည့်ပုဂ္ဂိုလ်တို့အား ရေတော်၊ ဆီမီးအလင်းတိုင် စသည်တို့ ကပ်လှူပူဇော်ကာ ငါးပါးသီလ ခံယူ ဆောက်တည်ပြီး မိမိအလိုရှိရာ ရွတ်ဖတ်ရမည်ဖြစ်သည်။

 

ကြေးမုံ စာအုပ်စင်