ငွေကြေးအခက်အခဲရှိလို့ မျှော်လင့်တဲ့အချိန်မှာ ချေးငွေရတယ်ဆိုတော့ ရေငတ်တုန်း ရေတွင်းထဲ ကျသလိုပါပဲ။ ချေးငွေရမယ်ဆိုတော့ ကျေးဇူးတင်ပါတယ်။

ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားမှုကြောင့် ကမ္ဘာ့နိုင်ငံအသီးသီးတွင် စီးပွားရေးထိခိုက်မှုများရှိခဲ့သည့်နည်းတူ မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့်လည်း ထိခိုက်မှုများရှိခဲ့သည်။ ထို့ကြောင့် စီးပွားရေးထိခိုက်မှုများကို တစ်ဖက်တစ်လမ်းမှ ကူညီနိုင်ရန်အတွက် နိုင်ငံတော်အစိုးရအနေဖြင့် Coronavirus Disease 2019 (COVID-19) ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီကို ဖွဲ့စည်းပြီး ကုမ္ပဏီ၊ လုပ်ငန်းများအတွက် လတ်တလောဖြစ်ပေါ်နေသည့် ငွေကြေးအခက်အခဲများကို အထောက်အကူပြုနိုင်ရန်အတွက် ချေးငွေများကို စိစစ်ပြီးထုတ်ပေးလျက်ရှိရာ ငါးကြိမ်ရှိပြီဖြစ်သည်။


ထိုသို့ ချေးငွေများ စိစစ်ထုတ်ချေးပေးရာ တွင် ပဉ္စမအကြိမ် ချေးငွေထုတ်ယူခွင့်ရရှိမည့် ကုမ္ပဏီ၊ လုပ်ငန်းစုများမှ တာဝန်ရှိသူများ၏ ပြောကြား ချက်များအား ဖော်ပြလိုက်ပါသည်-

 


ဦးသန်းထွန်း (အမှုဆောင်ဒါရိုက်တာ၊

Baw Phyu Taung Co.,Ltd.)


အခုလို ကိုဗစ်ကာလ ငွေကြေးခက်ခဲနေတဲ့ အချိန်မှာ ကျွန်တော်တို့အနေနဲ့ နိုင်ငံတော်ရဲ့ အကူအညီတွေ မျှော်လင့်ပါတယ်။ ငွေကြေး အခက်အခဲရှိလို့ မျှော်လင့်တဲ့အချိန်မှာ ချေးငွေ ရတယ်ဆိုတော့ ရေငတ်တုန်း ရေတွင်းထဲကျ သလိုပါပဲ။ လုပ်ငန်းရပ်မသွားအောင်၊ အလုပ်မှာ ရှိတဲ့ဝန်ထမ်းတွေ အလုပ်လက်မဲ့ မဖြစ်အောင်နဲ့ သူတို့ရဲ့အခြေခံစားဝတ်နေရေးတွေကို ရေရှည် ပံ့ပိုးပေးနိုင်ဖို့အတွက် ငွေကြေးအကူအညီ အထောက်အပံ့ တကယ်လိုအပ်နေတဲ့အချိန်မှာ ချေးငွေရမယ်ဆိုတော့ ကျေးဇူးတင်ပါတယ်။


ကျွန်တော်တို့စက်ရုံက ခဲသတ္တုအရိုင်းကို ရောင်းတန်းဝင်အောင် ပြန်သန့်စင်တဲ့ စက်ရုံပါ။ ကျွန်တော်တို့စက်ရုံမှာ ဝန်ထမ်း ၄၀ ကျော်ရှိပါ တယ်။ အခုကိုဗစ်ဖြစ်တဲ့ကာလမှာ နိုင်ငံတကာ မှာ အရောင်းအဝယ်တွေလည်း ရပ်သွားတယ်။ ကျွန်တော်တို့က ဝန်ထမ်းတွေကို အလုပ်အကိုင် စဉ်ဆက်မပြတ်ပေးနိုင်ရေးအတွက်ကို ရှိတဲ့ အင်အားနဲ့ တောင့်ထားတယ်။ လိုအပ်တဲ့ ဓာတု ဗေဒပစ္စည်းတွေလည်း ဝယ်ထားပြီးသားဖြစ် တယ်။ ကုန်ချောကို တရုတ်နိုင်ငံကိုတင်ပို့ရောင်း ချနိုင်မှသာ ကျွန်တော်တို့က ငွေပြန်ပေါ်မှာ ဖြစ်ပါတယ်။ ငွေပြန်ပေါ်တော့မှ လုပ်ငန်းပြန် လုပ်လို့ရမယ်၊ ကုန်ကြမ်းတွေ ပြန်ဖြည့်ရမယ်။ ခဲသတ္တုလုပ်ငန်းက ပုံမှန်ဝင်ငွေရှိနေတဲ့လုပ်ငန်း ဖြစ်တယ်။ အခုငွေကြေးကြောင့် လုပ်ငန်းရပ် သွားရင်၊ ခုနစ်နှစ် ရှစ်နှစ်လောက် လုပ်ငန်းလည် ပတ်ပြီးဖြစ်တဲ့အတွက် အလုပ်ရပ်သွားရင် အင်မတန်နှမြောစရာကောင်းမယ်။ အခုလို နိုင်ငံတော်က ချေးငွေရလိုက်တယ်ဆိုတော့ စဉ်ဆက်မပြတ်လုပ်ကိုင်သွားနိုင်မှာပါ။ အခု ဆိုရင် တရုတ်နိုင်ငံ ဈေးကွက်လည်း ပြန်ဖွင့်ပြီ ဖြစ်တဲ့အတွက် ပြန်လည်တင်ပို့လို့ရနေပြီ ဖြစ်ပါတယ်။ အခုလို နိုင်ငံတော်က ချေးငွေ ထုတ်ပေးတဲ့အတွက် လုပ်ငန်းက အရှိန်အဟုန်နဲ့ ပြန်လည်လည်ပတ်နိုင်မှာ ဖြစ်ပါတယ်။ ဒီအတွက်လည်း နိုင်ငံတော်နဲ့ စီမံဆောင်ရွက် ပေးကြတဲ့ တာဝန်ရှိသူတွေကို ကျေးဇူးတင်ပါ တယ်။


ါျျ

 

ကိုရွှေဘ (Majesty Car Workshop ပိုင်ရှင်၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးတိုင်း
ဒေသကြီး)
အခုလို ချေးငွေရလိုက်တဲ့အတွက် လုပ်ငန်းတိုးချဲ့မှုနဲ့ လုပ်ငန်းမှာလိုအပ်တဲ့ ပစ္စည်းတွေကို ပြန်ဝယ်ဖြည့်နိုင်မှာဖြစ်ပါတယ်။ စီးပွားရေးထိခိုက်တော့ လုပ်ငန်းအတွက် လိုအပ်တဲ့ပစ္စည်းတွေကိုလည်း ထပ်ပြီးဝယ် မဖြည့်နိုင်ဘူးဖြစ်နေတယ်။ အခုလို ချေးငွေရ မယ်ဆိုတော့ အလုပ်မှာလိုတဲ့ ပစ္စည်းတွေလည်း ပြတ်လပ်တာမဖြစ်တော့ဘူး။ ကိုဗစ်ကာလ အတွင်း လုပ်ငန်းတစ်လပိတ်လိုက်တဲ့အတွက် အလုပ်သမားတွေရဲ့ လစာကိုလည်း အကျေ မရှင်းပေးနိုင်သေးဘူး။ ချေးငွေရတော့ အလုပ် သမားတွေရဲ့ လစာအတွက်လည်း အဆင်ပြေ မယ်။ သူတို့ရဲ့ ကျန်းမာရေးထောက်ပံ့မှုတွေ လုပ်ပေးဖို့လည်း အဆင်ပြေတယ်။ ဒီချေးငွေနဲ့ လုပ်ငန်းချဲ့ထွင်ဖို့လည်းရှိတယ်။ အခုကျွန်တော် တို့ လက်ဆေးဘေစင်လုပ်တဲ့ လုပ်ငန်းတွေ လည်း တိုးချဲ့ဆောင်ရွက်နေပါပြီ။ ခြေထောက်နဲ့ နင်းရတဲ့ လက်ဆေးဘေစင်တွေကိုလည်း လုပ်ငန်းတိုးချဲ့ လုပ်ကိုင်နေပါတယ်။
ကျွန်တော်တို့လုပ်ငန်းမှာ ဝန်ထမ်းအင် အား ၁၅ ဦးရှိပါတယ်။ ကျွန်တော်တို့လုပ်ငန်းက ကားတွေကို ရေဆေး၊ ဆီလိုက်လုပ်တာရယ်၊ စက်ပြင်တာရယ်ပါ။ ကိုဗစ်ကြောင့် စီးပွားရေး က အားလုံးထိခိုက်တဲ့အတွက် ပုံမှန်ရေလာ ဆေးတဲ့သူတွေလည်း ရေလာမဆေးနိုင်ကြ တော့ဘူး။ လာတဲ့သူတွေလည်း နည်းလာတယ်။ တစ်ရက်ကို ဆန်ဖိုး၊ ဟင်းဖိုးလောက်ပဲ ရတဲ့နေ့ တွေ ရှိပါတယ်။ အခုလို အခက်အခဲဖြစ်နေချိန်မှာ ချေးငွေချပေးတဲ့အတွက် နိုင်ငံတော်ကို ကျေးဇူး တင်ပါတယ်။


ဦးစိုင်းအောင်ကျော်ထွန်း(Bun Bun Bakery မုန့်တိုက်ပိုင်ရှင်၊ တောင်ကြီးမြို့)
ကျွန်တော့်မုန့်တိုက်မှာ ကိုဗစ်-၁၉ ရောဂါ မဖြစ်ခင်က အလုပ်သမား ၁၄ ယောက်လောက် နဲ့ လည်ပတ်ခဲ့တယ်။ အခုက ခြောက်ယောက်နဲ့ လည်ပတ်နေတယ်။ အခုဆိုရင် ဆိုင်တွေက ပိတ်ထားတဲ့အတွက် မုန့်မပို့ရဘူး။ ရောင်းအား ကလည်း သုံးပုံနှစ်ပုံလောက် ကျသွားတယ်။ အစိုးရက ချေးငွေထုတ်ပေးတဲ့အတွက် လူဟောင်းတွေကို ပြန်ခေါ်မယ်။ သူတို့ရဲ့ စားဝတ်နေရေးတွေကိုလည်း ဖြေရှင်းပေးဖို့ရှိပါ တယ်။ ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်တော့ ကုန်ကြမ်းပြတ်လပ်တာ၊ ဆိုင်တွေပိတ်ထားတာ တွေကြောင့် လုပ်ငန်းအခက်အခဲဖြစ်ခဲ့တယ်။ အခုချေးငွေက လုပ်ငန်းကို တော်တော်ကူညီနိုင် မှာ ဖြစ်ပါတယ်။

 

ါျ်ျ


ကိုကျော်ဇေယျ (Golden sky

စားသောက်ဆိုင်ပိုင်ရှင်၊ ပဲခူးမြို့)

ကျွန်တော့်ဆိုင်နှစ်ဆိုင်ရှိတဲ့အနက် ကိုဗစ်-၁၉ကာလအတွင်းမှာဆိုရင် ဆိုင်သေးကတော့ ပါဆယ်စနစ်နဲ့ရောင်းနေပါတယ်။ ဆိုင်ကြီး ကတော့ ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည် တွေနဲ့ ချိတ်ဆက်ထားတဲ့ဆိုင်ဖြစ်တဲ့အတွက် ကိုဗစ်-၁၉ ကာလအတွင်းမှာ အတော်အထိနာ ပါတယ်။ ဒီရောဂါကြီးကြောင့် ခရီးသွားလာမှု မရှိတော့ ဝန်ထမ်းတွေကို သင့်တင့်တဲ့လစာ ပေးပြီးတော့ ဆိုင်ကြီးကိုတော့ လုံးဝပိတ်ထား ရပါတယ်။ ဆိုင်သေးကိုတော့ ကျန်တဲ့ဝန်ထမ်း တွေနဲ့ ပါဆယ်စနစ်ရောင်းပြီး ကိုဗစ်-၁၉ ကာလကို ခဏမှေးပြီး လုပ်ကိုင်နေပါတယ်။ ဆိုင်နှစ်ဆိုင်ပေါင်းရင် ဝန်ထမ်း ၇၀ လောက် ရှိပါတယ်။ ဒီလ ၁၅ ရက်မှာ ဆိုင်တွေ ပြန်ဖွင့်ဖို့ ဆိုပြီး ဝန်ထမ်းတွေကို ပြန်ခေါ်ထားပါတယ်။ ဆိုင်ကြီးက ခရီးသွားဧည့်သည်တွေကို ဦးစား ပေးရောင်းရတာဆိုတော့ လက်ရှိအနေအထား အရ ခရီးသွားတွေ မဝင်သေးတော့ ဝန်ထမ်း တွေကို သုံးချိုးတစ်ချိုးလောက်နဲ့ ဆိုင်ကို ခဏ မှေးပြီး ဖွင့်သွားမှာပါ။ ကျွန်တော့်အတွက်တော့ ချေးငွေက အထောက်အပံ့ကောင်းတစ်ခုပါ။ ဆိုင်ပိတ်ထားတဲ့အချိန်မှာ ဆိုင်ကဝန်ထမ်း တွေအတွက် လုပ်ကိုင်ပေးရတာတွေရှိတယ်။ ပြီးတော့ ဒီချေးငွေရတဲ့အတွက် ဆိုင်ပြန်လည် ပတ်ဖို့လည်း အဆင်ပြေသွားပါတယ်။ ကိုဗစ်-၁၉ ရောဂါကာလမျိုးမှာ ကျွန်တော်တို့လို အသေးစား၊ အလတ်စားလုပ်ငန်းတွေ ဒုက္ခကြုံ တွေ့နေတဲ့အချိန်မှာ အခုလို နိုင်ငံတော်က တစ်ဖက်တစ်လမ်းကနေ ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဝမ်းမြောက်ဝမ်းသာ ရှိပါ တယ်။ ကျွန်တော်တို့ အနေအထားကတော့ ပြန်ပြီးလည်ပတ်နိုင်တဲ့ အနေအထားမှာ ရှိပါ တယ်။ တချို့ကတော့ ကိုယ့်ထက်ဆိုးတဲ့ လူတွေလည်း ရှိကောင်းရှိမှာပါ။ ကျွန်တော်တို့ အခုလို အနေအထားမျိုးမှာ ထောက်ပံ့ပေးလိုက် တာ တော်တော်လေးကို အသက်ရှူချောင်သွား ပါတယ်။ ဒါကြောင့်အစိုးရကို ကျေးဇူးတင်ပါ တယ်။

 

‌ေ်ျ

 

ကိုအောင်နိုင်ထွန်း (HOTEL GLORY ပိုင်ရှင်၊ ဘားအံမြို့)

ကျွန်တော်တို့ဟိုတယ်ကို မတ်လလောက် ကစပြီး ဧည့်သည်တွေက မလာတော့ဘူး၊ ဧည့်သည်တွေက မလာတော့ အဲဒီလမှာဝန်ထမ်း လစာတွေအတွက် အရှုံးပေါ်တယ်။ ဧပြီလ မှာတော့ ဝန်ထမ်းမိသားစုတွေလည်း အဆင် ပြေအောင် တစ်ဝက်ကိုတော့ အလှည့်ကျ အလုပ်ဆင်းခိုင်းပါတယ်။ ကိုဗစ်-၁၉ ကာလ အတွင်းမှာ အခက်အခဲကတော့ ဝန်ထမ်းလစာ၊ ဟိုတယ်ပြန်ပြီးလည်ပတ်နိုင်ဖို့ပဲ ဖြစ်ပါတယ်။ ပိတ်ထားတာလည်း ကြာပြီဆိုတော့ ပြင်ဆင် ရမယ့်အပိုင်းတွေအတွက် ပြင်ဆင်စရိတ်တွေ ကုန်မယ်။ အခုချေးငွေလေးရမယ်ဆိုတော့ အတော်အဆင်ပြေသွားမယ်။ ဝန်ထမ်းတွေ ကိုလည်း ပြန်ဆင်းခိုင်းမယ်။ မီတာခကိုလည်း သုံးလစာလောက်မသွင်းရသေးတော့ သွားသွင်း ရမယ်။ ဟိုတယ်မှာ လုပ်စရာရှိတာတွေလုပ်ပြီး ရင် ပြန်လည်ပတ်မှာပါ။ အခုချေးငွေကိုလည်း နိုင်ငံတော်ကို သတ်မှတ်ထားတဲ့အတိုင်း တစ်နှစ် အတွင်း ပြန်ဆပ်မှာပါ။ အခုလို အခက်အခဲဖြစ် နေတဲ့အချိန်မှာ ကူညီတဲ့အတွက် နိုင်ငံတော်ကို လည်း ကျေးဇူးတင်ပါတယ်။

 

‌ေ်ိ

ကိုဇော်ဝင်း( မန်နေဂျင်းဒါရိုက်တာ၊ Royal Dream Travel & Tours Co.,Ltd.)
ကျွန်တော်တို့ လုပ်ငန်းက ရခိုင်အခြေ စိုက်လုပ်ကိုင်တဲ့ လုပ်ငန်းဖြစ်ပါတယ်။ ရခိုင်မှာ က အများစုက လေယာဉ်နဲ့သွားရတာ များပါ တယ်။ ကျွန်တော်တို့ ရခိုင်မှာ တိုက်ပွဲရယ်၊ ကိုဗစ်ရယ်ကြောင့် လေယာဉ်လက်မှတ်တွေက မရောင်းရသလောက်ပါပဲ။ ဝန်ထမ်းတွေလည်း လျှော့သင့်သလောက်လျှော့ရပါတယ်။ ချေးငွေ ရမယ်ဆိုတော့ ဝန်ထမ်းတွေလည်း ပြန်ခေါ် နိုင်မှာဖြစ်ပါတယ်။ ကျွန်တော်တို့ လက်မှတ် ရောင်းတဲ့အခါမှာ အကြွေးနဲ့ရောင်းရတာရှိတယ်။ အကြွေးနဲ့ရောင်းတယ်ဆိုပေမယ့် ကာလ တစ်ခုထားပေးနိုင်ရင် သူတို့ဆီက ပြန်တောင်း လို့ရပါတယ်။ ဒီကာလမှာ ခရီးသွား ဝန်ဆောင်မှုမဟုတ်ဘဲနဲ့ ခရီးသွားဖို့အတွက် လက်မှတ်ရောင်းတဲ့လုပ်ငန်းကိုပဲ ပိုလုပ်ဖြစ်ပါ တယ်။ ဝန်ထမ်းအနေနဲ့ ခြောက်ယောက်ရှိပါ တယ်။ ဒီကာလမှာ အကြွေးရောင်းချထားတဲ့ လက်မှတ်ဖိုးတွေလည်း ပြန်တောင်းဖို့ခက်ပါ တယ်။ အခုလက်ရှိမှာ လုပ်ငန်းက ရှေ့တိုးမရ၊ နောက်ဆုတ်မရ ဖြစ်နေတာဆိုတော့ ချေးငွေရ မယ့်အတွက် လုပ်ငန်းကို ကောင်းကောင်းမွန်မွန် ပြန်လည်ပတ်လို့ရတာပေါ့။

အခုအချိန် ရခိုင်မှာတော့ ခရီးသွားလုပ်ငန်း က ၉ဝ ရာခိုင်နှုန်းလောက် ကျသွားပါတယ်။ မတ်လ အလယ်လောက်အထိ တက်လာသေး တယ်။ ဧပြီနဲ့ မေ နှစ်လလုံး ခရီးသွားကျလာပြီ ဆိုတော့ ရပ်ထားရမယ့် အနေအထားဖြစ်ပါ တယ်။ Tour ကုမ္ပဏီတွေအနေနဲ့ ရပ်တည်တာ က ခရီးသွားတွေကို စီစဉ်ပေးတဲ့အပိုင်းရယ်၊ လေယာဉ်လက်မှတ် အပိုင်းရယ် ဖြစ်ပါတယ်။ ဇူလိုင်လလောက် ဆိုရင်တော့ လက်မှတ်ရောင်း တဲ့အပိုင်းက တက်လာနိုင်ပါတယ်။ Tour တွေ အနေနဲ့ ခရီးသွားဖို့က အောက်တိုဘာလ သီတင်းကျွတ်နောက်ပိုင်း ရောက်ရင်တော့ ဖြစ်ကောင်းဖြစ်လာနိုင်တယ်။ ဒီလိုခက်ခဲနေတဲ့ ကာလမှာ အခုလိုဆောင်ရွက်ပေးတဲ့အတွက် တာဝန်ရှိသူတွေကို ကျေးဇူးတင်ပါတယ်။ ငွေကြေးခက်ခဲမှုရှိတယ် ဆိုတာကလည်း အောက်ခြေမှာ တကယ်ဖြစ်ပျက်နေတာပါ။ ကျွန်တော်တို့လို အခက်အခဲရှိတဲ့သူတွေကို အများကြီးရှိနိုင်ပါတယ်။ စိစစ်ဆောင်ရွက်ပေး ပါလို့လည်း တိုက်တွန်းချင်ပါတယ်။
Coronavirus Disease 2019 (COVID-19) ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်း ကော်မတီအနေဖြင့် COVID-19 Fund မှ ကုမ္ပဏီ၊ လုပ်ငန်းများကို ချေးငွေခွင့်ပြုပေးရန် စိစစ်အတည်ပြုခဲ့ရာ ပထမအကြိမ် ၈၅ ခု၊ ဒုတိယအကြိမ်တွင် ၁၁၃ ခု၊ တတိယအကြိမ် ၁၁၁ ခု၊ စတုတ္ထအကြိမ် ၄၁၇ ခုနှင့် ယခု ပဉ္စမအကြိမ် ၂၉၀ တို့ကို ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။

သတင်းအင်တာဗျူး - မျိုးမင်းနိုင်

ဓာတ်ပုံ-မျိုးမြင့်(သတင်းစဉ်)

ဦးသန်းထွန်း (အမှုဆောင်ဒါရိုက်တာ၊ Baw Phyu Taung Co.,Ltd.)