ငွေဆောင်ကမ်းခြေ၌ ငါးမန်းဖလောင်းတစ်ကောင် ကမ်းဆွဲပိုက်တွင်ငြိပါလာ၍ ပြန်လည်လွှတ်ပေး

ငွေဆောင်၊ ၂၁  ဇန်နဝါရီ

 

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်ကမ်းခြေတွင် ဇန်နဝါရီ ၂၀ ရက် မွန်းတည့် ၁၂ နာရီက ပင်လယ်တွင်း ငါးဖမ်းရန်ချထားသည့် ကမ်းဆွဲပိုက်တွင် ငါးမန်းဖလောင်းတစ်ကောင် ငြိ၍ပါလာသဖြင့် ပင်လယ်တွင်းသို့ ပြန်လည်လွှတ်ပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါသတ္တဝါသည် လူကိုအန္တရာယ်မပေးကြောင်း၊ ခန္ဓာကိုယ်တွင် အစက်အပြောက်များ ပါရှိပြီး ဒေသအခေါ် ငါးမန်းဖလောင်း (ခေါ်) ငါးမန်းတောက်တဲ့ဖြစ်ပြီး ငွေဆောင်မြို့၊ အမှတ်(၄) ရပ်ကွက်အပိုင်     At The Sea Hotel ရှေ့ကမ်းစပ်၌ ဒေသခံများ ငါးဖမ်းနေကြသည့် ကမ်းဆွဲပိုက်တွင် ငြိပါလာခြင်း ဖြစ်ကြောင်း၊ အရှင်ဖြစ်သည့်အတွက် ကုန်းပေါ်သို့တင်၍ တိုင်းတာခြင်းမပြုတော့ဘဲ ပြန်လွှတ်ပေး ခဲ့ကြကြောင်း ဒေသခံရေလုပ်သားတစ်ဦးထံမှ သိရသည်။

 

မူမူသွင်(ပြန်/ဆက်)

 

mdn