နေရပ်ပြန် ထိုင်းနိုင်ငံသား ၃၅ ဦးကို မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား(၂)မှ  ပြန်လည် လွှဲပြောင်းပို့ဆောင်ပေး

တာချီလိတ်  ၁  ဇူလိုင်

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် မြန်မာနိုင်ငံသို့ တရားဝင် လာရောက်အလုပ်လုပ်ကိုင်လျက်ရှိသော နေရပ်ပြန်လိုသည့် ထိုင်းနိုင်ငံသား အမျိုးသား ၂၄ ဦးနှင့် အမျိုးသမီး ၁၁ ဦး စုစုပေါင်း ၃၅ ဦးတို့ကို ယနေ့ နံနက် ၁၀ နာရီခွဲအချိန်က မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား(၂)မှ ပြန်လည်လွှဲပြောင်းပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

နေရပ်ပြန်ထိုင်းနိုင်ငံသား ၃၅ ဦးသည် မြန်မာနိုင်ငံသို့ တရားဝင် လာရောက်အလုပ်လုပ်ကိုင်သူများဖြစ်ပြီး ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် နေရပ်သို့ပြန်ခြင်းဖြစ်ကြောင်း သိရသည်။

 

နေရပ်ပြန် ထိုင်းနိုင်ငံသား ၃၅ ဦးကို တာချီလိတ်မြို့ လဝကဌာနခွဲ (၆)မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမောင်မောင်မြင့် ဦးဆောင်သည့် တာဝန်ရှိပုဂ္ဂိုလ်များနှင့် CNCMC အဖွဲ့က ပြန်လည်ပို့ဆောင် ပေးခဲ့ပြီး ထိုင်းနိုင်ငံမှ တံတား (၂) တာဝန်ခံရဲအရာရှိ Pathpon Onnoul ၊ လဝကအရာရှိ Sakhonnawat Luansomwang ၊ ကျန်းမာရေးဌာနမှ ဦးစီးအရာရှိ Priawpurin Manopeaw ဦးစီး သည့်အဖွဲ့တို့က ပြန်လည်လက်ခံခဲ့ကြကြောင်း သိရသည်။

 

ယာဆေး(ပြန်/ဆက်)