နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီး၊ ပြည်နယ်များ၌ တရားမဝင်သစ်များ ဖမ်းဆီးရမိ

နေပြည်တော်   ဒီဇင်ဘာ   ၈

 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနသည် တရားမဝင် သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ် ဖမ်းဆီးရေးအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှု သတင်းပို့စနစ် (Community Monitoring and Reporting System - CMRS) အပါအဝင် နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ ၂၉ ရက်မှ ဒီဇင်ဘာ ၅ ရက်အထိ နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီး၊ ပြည်နယ် သစ်တောဦးစီးဌာနများမှ ပေးပို့လာ သော စာရင်းများအရ တရားမဝင်ကျွန်း ၆၀ ဒသမ ၆၃၃၈ တန်၊ သစ်မာ ၂၆ ဒသမ ၅၆၃၄ တန်၊ အခြား ၅၃ ဒသမ ၉၉၇၈ တန် စုစုပေါင်း ၁၄၁ ဒသမ ၁၉၅၀ တန်၊ တရားခံ ၃၄ ဦး၊ ယာဉ်/ယန္တရား ၂၂ စီး ဖမ်းဆီး ရမိခဲ့ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။

 

ညီညီသန်း(နေပြည်တော်)