နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ တရားမဝင်သစ် တန် ၆၀၀ ကျော် ဖမ်းဆီးရမိ 

နေပြည်တော် ၁ ဧပြီ

 

 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနသည် တရားမဝင် သစ်နှင့်သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးရေးအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ် အပါအဝင် နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ မတ် ၂၃ ရက်မှ ၂၉ ရက်အထိ နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း ၂၅၁ ဒသမ ၃၅၃၀ တန်၊ သစ်မာ ၁၉၇ ဒသမ ၂၈၈၀ တန်၊ အခြား ၃၃၉ ဒသမ ၇၁၁၄ တန် စုစုပေါင်း ၇၈၈ ဒသမ ၃၅၂၄ တန်၊ တရားခံ ၅၇ ဦး၊ ယာဉ်/ယန္တရား ၅၇ စီး ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။

 

 

ညီညီသန်း(နေပြည်တော်)