နေပြည်တော်ကောင်စီဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီအစည်းအဝေး(၁/ ၂၀၂၂) ကျင်းပ

နေပြည်တော်   ဇန်နဝါရီ   ၁၄

 

နေပြည်တော်ကောင်စီ ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီအစည်းအဝေး (/၂၀၂၂) ကို ဇန်နဝါရီ ၁၄ ရက် နံနက် ၁၀ နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် နေပြည်တော်ကောင်စီဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က ယခင်ခရီးစဉ်နေရာများအပြင် ခရီးစဉ်နေရာအသစ်များ ဖော်ထုတ်ခြင်း၊ သဘာဝကို အခြေခံသော ခရီးသွားလုပ်ငန်းများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးကိုအခြေခံသော ခရီးသွားလုပ်ငန်းများ၊ အားကစားကို အခြေခံသော ခရီးသွားလုပ်ငန်းများဖြင့် ခရီးစဉ်ဒေသများ ပေါ်ထွန်း လာအောင် ဆောင်ရွက်ခြင်း၊ နေပြည်တော်အတွင်းရှိ ဟိုတယ်နှင့် တည်းခိုရိပ်သာများ ပြုပြင်မွမ်းမံခြင်းနှင့် ခရီးစဉ်နေရာများ သန့်ရှင်းသာယာ လှပစေရေး၊ စိမ်းလန်းစိုပြည်စေရေး၊ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက် စေရေးတို့ကို ဝိုင်းဝန်းအကြံပြုကြစေလိုကြောင်း၊ ထို့အတူ နေပြည်တော် ဖွံ့ဖြိုးတိုးတက်စေရေးကို အဘက်ဘက်မှ စီမံဆောင်ရွက်နေသကဲ့သို့ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်အောင်လည်း ဆောင်ရွက်ရ  မည်ဖြစ်ရာ ဟိုတယ်နှင့် ခရီးသွားကဏ္ဍ ဖွံ့ဖြိုး တိုးတက်လာစေရေးအတွက် ခရီးသွားလုပ်ငန်း အသိပညာများ၊ ဗဟုသုတများ၊ အတွေ့အကြုံများဖြင့် အကြံပြုဆွေးနွေးကြစေလိုကြောင်း” ပြောကြားသည်။

 

ထို့နောက် လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းနှင့် လုပ်ငန်းကော်မတီ အတွင်းရေးမှူး နေပြည်တော် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာသန်းဇော် တို့က နေပြည်တော်ကောင်စီ ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။

 

ယင်းနောက် နေပြည်တော်ကောင်စီ ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီဝင်များ၊ ခရီးသွား လုပ်ငန်း တတ်သိပညာရှင်များ၊ ခရီးသွားလုပ်ငန်း အဖွဲ့အစည်းကိုယ်စားလှယ်များက နေပြည်တော်ကောင်စီ ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းများနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍများအလိုက် ရှင်းလင်းတင်ပြဆွေးနွေးကြရာ နေပြည်တော် ကောင်စီဥက္ကဋ္ဌက ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်