နေလကမ္ဘာဓမ္မဗိမာန်ကျောင်းတိုက် စုပေါင်းမဟာဘုံကထိန် ကြက်ပျံမကျ စည်းကား

ရေး ၁၁  နိုဝင်ဘာ        

 

မွန်ပြည်နယ်၊ ရေးမြို့ နေလကမ္ဘာဓမ္မဗိမာန်ကျောင်းတိုက်တွင် ကျင်းပပြုလုပ်သည့် စုပေါင်းမဟာဘုံကထိန် ပွဲတော်ကို တန်ဆောင်မုန်းလပြည့်နေ့ ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

 

အဆိုပါ စုပေါင်းမဟာဘုံကထိန်ပွဲတော်သို့ လာရောက်ကြသည့် ဘုရားဖူးဧည့်သည်များနှင့် ဒေသခံ ဧည့်ပရိတ်သတ်များအား စတုဒီသာများ ကျွေးမွေးဧည့်ခံခြင်း၊ နိဗ္ဗာန်ဈေးများ ရောင်းချပေးခြင်းများကို ပြုလုပ်ကြရာ ကြက်ပျံမကျ စည်းကားခဲ့ကြောင်း သိရသည်။

           

ခင်သိမ့်(ရေး၊ ပြန်/ဆက်)

 

e 744572