နောင်တရားမြို့၌ နိုင်ငံတော်နှင့် ပြည်သူထည့်ဝင်ငွေဖြင့် ရပ်ကွက်အတွင်း ကွန်ကရစ်လမ်းခင်း

mdn

နောင်တရား        စက်တင်ဘာ        ၁၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့ အမှတ်(၂)ရပ်ကွက်၌ နိုင်ငံတော်နှင့် ပြည်သူထည့်ဝင်ငွေဖြင့် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသည်။

ရပ်ကွက်အတွင်း လမ်းများ သန့်ရှင်းသာယာ ကောင်းမွန်ရေးအတွက် ရှမ်းပြည်နယ်အစိုးရမှ Clean and Green ရန်ပုံငွေဖြင့် နိုင်ငံတော်မှ ၅၀ ရာခိုင်နှုန်း၊ ပြည်သူမှ ၅၀ ရာခိုင်နှုန်း ထည့်ဝင်၍ ကွန်ကရစ်လမ်း ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပေးလျက်ရှိသည်။ နောင်တရားမြို့ အမှတ်(၂)ရပ်ကွက် သစ္စာလမ်းနှင့် ရွာဟောင်းလမ်းကို အရှည် ပေ ၁၀၀၀၊ အကျယ် ၁၃ ပေ၊ အမြင့် ၆ လက်မဖြင့် ကွန်ကရစ်ခင်းခြင်း လုပ်ငန်းဆောင်ရွက်လျက်ရှိပြီး စက်တင်ဘာ ၁၉ ရက်ထိ ၂၅ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။

ခွန်အောင်(နောင်တရား)