နောင်တရားမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံသူ များပြား

နောင်တရား     ဩဂုတ် ၄

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရား အထက၌ နောင်တရားမြို့ပေါ် သုံးရပ်ကွက်နှင့် ကျေးရွာအုပ်စုများမှ ဒေသခံပြည်သူများကို ဩဂုတ် ၄ ရက်တွင် ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိပြီး လာရောက်ထိုးနှံသူ များပြားလျက်ရှိသည်။

 

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် နိုင်ငံတော်မှ ကာကွယ်ဆေး လုပ်ငန်းများကို ဦးစားပေးအစီအလိုက် ထိုးနှံပေးလျက်ရှိပြီး နောင်တရားမြို့ပေါ်နှင့် ကျေးရွာအုပ်စုအတွင်းမှ ဒေသခံပြည်သူများကို ထိုးနှံပေးလျက်ရှိကာ တတိယနေ့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးသူ ၉၅၄ ဦးရှိပြီ ဖြစ်သည်။

 

နောင်တရားမြို့ပေါ် သုံးရပ်ကွက်နှင့် နန်းပုလင်းကျေးရွာအုပ်စု၊ နောင်ပီကျေးရွာအုပ်စု၊ မြောက်ထီဗွာကျေးရွာအုပ်စု၊ ပေါ့ယားကျေးရွာအုပ်စု၊ ပေါ့အင်ကျေးရွာအုပ်စုအတွင်းရှိ ဆေးအလုံး ၅၀၀ ဖြင့် လူဦးရေ ၁၀၀၀ ကို ကာကွယ်ဆေး ထိုးနှံပေးသွားနိုင်ခဲ့ကြောင်း သိရသည်။

 

ခွန်အောင်(နောင်တရား)