နောင်ချို၊ ၂၃ ဇန်နဝါရီ
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်တွင် ခရီးစဉ်သစ်များဖော်ဆောင်လျက်ရှိရာ နောင်ချိုမြို့နယ်နှင့်ရှမ်းပြည်နယ်(တောင်ပိုင်း) ကိုဆက်သွယ်ထားသော ဒုဌဝတီတံတားအနီးမှရေပျံ ကြီးရေတံခွန် နှင့်ကျောက်တော (စံပြ)ကျေးရွာ C.B.T သို့ ဇန်နဝါရီ ၂၂ ရက်နေ့က တာဝန်ရှိသူများကွင်း ဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
ကွင်းဆင်းကြည့်ရှုရာတွင် ရှမ်းပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ(အတွင်းရေးမှူး) ဟို တယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ရှမ်းပြည်နယ်တာဝန်ခံ ညွှန်ကြားရေးမှူးဦးထင်အောင်နိုင်၊ ရှမ်းပြည် နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီအဖွဲ့ဝင် တတ်သိပညာရှင် ဒေါက်တာကြည်လွင်၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ လားရှိုးရုံးခွဲ ဒုတိယညွှန်ကြားရေးမှူး ဦးသက်လင်း၊ မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း (ရှမ်းမြောက်ဇုန်) ဥက္ကဌ ၊ ရှမ်းပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီအဖွဲ့ ဝင်ဦးဇော်ဇော်၊ မြို့နယ်ခရီးစဉ်ဒေသစီမံခန့်ခွဲမှု ကော်မတီ(DMO)အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည် နောင်ချို မြို့နယ်၏ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ခရီးစဉ်ဒေသသစ် ဖော်ဆောင်နိုင်ရန်ရည်ရွယ်၍ ရေပျံကြီးရေ တံခွန်သို့ ကွင်းဆင်းကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ဆက်လက်၍ ရှမ်းပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီမှ တာဝန်ရှိသူများသည် နောင်ချို မြို့နယ်ကျောက်တော(စံပြ)ကျေးရွာ ရပ်ရွာအခြေပြုခရီးသွားလုပ်ငန်း(Community Based Tourism ) C.B.T သို့ ရှမ်းပြည်နယ်အစိုးရမှ Tourism Village စီမံချက်ဆောင်ရွက်ရန် ကျပ်ငွေ သိန်း ၁၀၀၀ ခွင့်ပြုလျာထားမှုအား စနစ်တကျ စီမံဆောင်ရွက်နိုင်စေရန်နှင့်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။
ထွေးငယ်(နောင်ချို-ပြန်ဆက်)