နောင်ချိုမြို့၌ ကုန်တင်/ကုန်ချ၊ သုံးဘီးဆိုက်တွဲသမားများအား ဆန်၊ဆီ၊ဆား၊ကြက်ဥ ထောက်ပံ့ပေး

နောင်ချို ၉  ဧပြီ

 

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့ မြို့မကုန်တင်/ကုန်ချရုံး၌ ယနေ့ နံနက် (၉)နာရီ အချိန်က ကုန်တင်/ကုန်ချအလုပ်သမားများနှင့် သုံးဘီးဆိုက်တွဲသမားများအား ဆန်၊ဆီ၊ ဆား၊ ကြက်ဥတို့ကို ထောက်ပံ့ပေးအပ်ခဲ့သည်။

 

ထိုသို့ပေးအပ်သော အထောက်အပံ့ပစ္စည်းများသည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့် Royal Nawnghkio Company Limited တို့ပူးပေါင်း၍ ပေးအပ်ခဲ့ခြင်းဖြစ်ပြီး အိမ်ထောင်စုပေါင်း(၁၂၃) တို့အား တစ်ဦးလျှင် ဆန်(၆)ပြည်၊ ဆီ(၅၀)သား၊ ဆား(၅၀)သား၊ ကြက်ဥ(၁၀)လုံးတို့အား COVID-19 ရောဂါ ကာကွယ်ရန် Stay Home ကာလအတွင်း စိတ်အေးချမ်းသာစွာနေထိုင်နိုင်ရေးအတွက် ထောက်ပံ့ ပေးအပ်ခဲ့ခြင်း ဖြစ်သည်။ယနေ့ ထောက်ပံ့ပေးအပ်ခဲ့သည့် ပစ္စည်းများ၏ စုစုပေါင်းတန်ဖိုးမှာ သိန်း(၂၀) ကျော် ထောက်ပံ့ပေးခဲ့ခြင်းဖြစ်ကြောင်း သိရှိသည်။

 

ထွေးငယ်၊နောင်ချို (ပြန်/ဆက်)