နောက်ကျသွင်းဂိုးတွေနှင့်အတူ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်ခဲ့သည့် ပီအက်စ်ဂျီ

mdn

၁၃ သြဂုတ်

 

ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပွဲစဉ်အဖြစ် အတ္တလန်တာအသင်းနှင့် ပီအက်စ်ဂျီ အသင်းတို့ ကြာသပတေးနေ့ နံနက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့ရာ  အတ္တလန်တာအသင်းကို ပီအက်စ်ဂျီအသင်းက နောက်ကျသွင်းဂိုးတွေနှင့်အတူ တစ်ဂိုး နှစ်ဂိုးရလဒ်ဖြင့် အနိုင်ရရှိခဲ့သည်။

 

အတ္တလန်တာအသင်းမှာ ပထမပိုင်း ပွဲချိန် ၂၆ မိနစ်တွင် ပါရှာလစ်၏ သွင်းဂိုးဖြင့် ပီအက်စ်ဂျီအသင်းကို ဦးဆောင်ကစားနိုင်ခဲ့သည်။ ယင်းသွင်းဂိုးဖြင့် အတ္တလန်တာအသင်းမှာ ဒုတိယပိုင်းပွဲပြီးဆုံးချိန်နီးအထိ ထိန်းချုပ်ကစားနိုင်ဖို့ ကြိုးပမ်းခဲ့သော်လည်း ဒုတိယပိုင်းတွင် တိုက်စစ်ဖွင့်ကစားလာခဲ့သည့် ပီအက်စ်ဂျီအသင်းမှာ ပွဲချိန် မိနစ် ၉၀ တွင် မာကင်ဟို့စ်က ပီအက်စ်ဂျီအသင်းအတွက် ချေပဂိုးပြန်လည်သွင်းယူပေးခဲ့သည်။

 

 ချေပဂိုးရရှိခဲ့ပြီး မကြာသေးမီ  နာကျင်အချိန်ပို ၉၃ မိနစ်တွင် ချူပိုမိုးတင်းက ပီအက်စ်ဂျီအသင်းအတွက် းအဖိုးတန်အနိုင်ဂိုးကို သွင်းယူနိုင်ခဲ့သဖြင့် ပွဲအပြီးမှာ ပီအက်စ်ဂျီအသင်း အနိုင်ရရှိကာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့သည်။

 

MDN