နှစ်သစ်ကူးရုံးပိတ်ရက်ရှည်ကာလ အထင်ကရစေတီဘုရားများ၊ ကမ်းခြေနှင့် အပန်းဖြေနေရာများ၌ ဘုရားဖူး လည်ပတ်လေ့လာသူများဖြင့် စည်ကား

၁  ဇန်နဝါရီ

 

1a

နှစ်သစ်ကူးရုံးပိတ်ရက်များတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ် ထမ်းဆမ်းလိုဏ်ဂူတော်၌ ဘုရားဖူးလာရောက်သည့် ဧည့်သည်များအား တွေ့ရစဉ်။ ထက်ထက်(ဟိုပုံး)

 

2a

နှစ်သစ်ကူးရုံးပိတ်ရက်များအတွင်း မကွေးမြို့ရှိ မြသလွန်စေတီတော်မြတ်ကြီးတွင် ဘုရားဖူးများဖြင့် စည်ကားလျက် ရှိသည်ကို တွေ့ရစဉ်။   ဇော်ဇော် (မြို့သစ်)

 

3a

နှစ်သစ်ကူးရုံးပိတ်ရက်များတွင် စစ်ကိုင်းမြို့ရှိ ရာဇမဏိစူဠာကောင်းမှုတော်ဘုရားသို့ လာရောက်ကြသည့် ဘုရားဖူးများအား တွေ့ရစဉ်။  ဇော်မြင့်နိုင်(ပြန်/ဆက်)

 

4a

စက်စဲကမ်းခြေသို့ နှစ်သစ်ကူးရုံးပိတ်ရက်တွင် လာရောက်လည်ပတ်သူများ စည်ကားနေသည်ကို တွေ့ရစဉ်။   ကျော်ဝင်း(သံဖြူဇရပ်)

 

5a

နှစ်သစ်ကူးရုံးပိတ်ရက်များတွင် ငပလီကမ်းခြေ၌ ပြည်တွင်းပြည်ပခရီးသွားများဖြင့် အထူးစည်ကားလျက်ရှိသည်ကို တွေ့ရစဉ်။  နေမျိုးအောင်(ပြန်/ဆက်)

 

6a

ဖိုးကျားဆင်စခန်း၌ နှစ်သစ်ကူးရုံးပိတ်ရက် လာရောက်လည်ပတ်သူများကို တွေ့ရစဉ်။ မြို့နယ်(ပြန်/ဆက်)

 

7a

နှစ်သစ်ကူးရုံးပိတ်ရက် ပုပ္ပားတောင်ကလပ်သို့ ဘုရားဖူးလာရောက်သူများ စည်ကားလျက်ရှိသည်ကို တွေ့ရစဉ်။ ကိုထိန်(ငါ့သရောက်)

 

8a

နှစ်သစ်ကူးရုံးပိတ်ရက်တွင် မ္တလေးကျုံးတောင်ဘက်ခြမ်း မီးရောင်စုံများအလှဆင်သည့်နေရာ၌ ဒေသခံများ ပျော်ရွှင်စွာ လှည့်လည်ကြည့်ရှု၍ နှစ်သစ်ကို ကြိုဆိုနေကြစဉ်။   မင်းထက်အောင်(မန်းကိုယ်ပွား)

 

9a

မင်းလှမြို့နယ်ရှိ မုက္ခာရေတံခွန်ဆင်စခန်းတွင် နှစ်သစ်ကူးရုံးပိတ်ရက် လာရောက်အပန်းဖြေလည်ပတ်သူများကို တွေ့ရစဉ်။ ပေါက်စ(မင်းလှ)