နှစ်ကျိပ်ရှစ်ဆူး ဘုရားများ မြို့တွင်းလှည့်လည်အပူဇော်ခံ

ရမည်းသင်း ၁၃ အောက်တိုဘာ

 

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ ရန်အောင်မြင် ဘုရား  ဂေါပက အဖွဲ့ က ကြီးမှူးကျင်းပသော ရှေးဟောင်း သမိုင်းဝင် ရန်အောင်မြင် ဘုရားကြီးအတွင်း ကိန်းဝပ် စံပါယ်တော်မှုသော နှစ်ကျိပ်ရှစ် ဆူးဘုရားများ မြို့တွင်းလှည့်လည်အပူဇော်ခံပွဲကို ယ‌နေေ့ညနေ ၄ နာရီခွဲက ရန်အောင်မြင်သာသနာ့ဗိမ္မာန်တော်ရှေ့ မှ စုစည်းကာ လှည့်လည်အပူဇော်ခံ ကြွချီကြောင်း သိရသည်။

 

4

 

အဆိုပါ နှစ်ကျိပ်ရှစ်ဆူဘုရားများကို ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲများ၊ လုပ်ငန်းရှင်များနှင့်ကျောင်းသား၊ ကျောင်းသူများက ပင့်ဆောင်ပြီး ဘုရားကားများကိုအလှဆင်ကာ မြို့တွင်းရှိ ရပ်ကွက် အသီးသီးသို့ လှည်လည်အပူဇော်ခံ ကြွချီကြောင်း သိရသည်။

 

ဇော်ဝင်းအောင်(ရမည်းသင်း)