နွားချေးကနေ စွမ်းအင်ထုတ်ယူ သုံးစွဲနေတဲ့ ကင်ညာလယ်သမားများ

၇ သြဂုတ်

 

ကင်ညာနိုင်ငံမြို့တော် နိုင်ရိုဘီအပြင်မှာနေထိုင်တဲ့ ကင်ညာလယ်သမားတွေဟာ အိမ်မွေးနွားတွေကနေ စွန့်ပစ်ထားတဲ့ နွားချေး သဘာဝဓါတ်မြေသြဇာအဖြစ်ပြောင်းလဲသလို အဲဒီနွားချေးမှ ထွက်လာသော အပူကို  ချက်ပြုရာတွင် သုံးစွဲကြကြောင်း သိရပါတယ်။ 

 

လယ်လုပ်ငန်းကို  ၃၅ နှစ်ကြာ လုပ်ကိုင်နေတဲ့ ဂျိုးဆက်က သူ့ရဲ့ နှစ်ဧကသာရှိတဲ့ ယာခင်းမှာ ကော်ဖီပင်၊ ငှက်ပျောပင်၊ ထောပတ်သီးပင်နဲ့ တခြားစားပင်တွေဟာ အော်ဂန်းနစ်ဓါတ်မြေသြဇာကို အသုံးပြုပြီး အောင်မြင်နေတာကို တွေ့ရပါတယ်။ အဲဒီလိုအသီးအနှံတွေအောင်မြင်ဖို့အတွက် နို့စားနွား ၁၀ ကောင်ရဲ့ နွားချေးတွေ အသုံးပြုထားသလို နွားချေးတွေကို လှောင်ကန်တစ်ခုထဲမှာ လှောင်ထားပြီး အဲဒီကနေ ထွက်လာတဲ့ စွမ်းအင်ကို ဖုန်းအားသွင်းခြင်းကနေ အစပြုပြီး အစားအစာ ချက်ပြုရာတွင်ပါ အသုံးပြုကြောင်း ပြောပြပါတယ်။  

 

အဲဒီစွမ်းအင် ရရှိဖို့ဆိုတာ နွားချေးကို ကန်ထဲထည့်ပြီး ထွက်လာတဲ့ အငွေ့ကို လှောင်ပြီး နှစ်နာရီအကြာမှာ စတင်သုံးစွဲနိုင်တယ်လို့ သိရပါတယ်။

 

ဂျိုးဆက်နည်းတူ လယ်သူမ အန်း ကလည်း အရင် ထင်းလှောင်စာကို အသုံးပြုပြီး ချက်ပြုတ်ရာ တစ်လကို အမေရိကန် ဒေါ်လာ ၂၀ လောက် သုံးခဲ့ရပေမယ့် အခုတော့ ခေတ်မီတဲ့ နွားချေးကနေ စွမ်းအင်ထုတ်ယူနည်းကို တပ်ဆင်ရာမှာ ပိုပြီး အဆင်ပြေကြောင်း ပြောပါတယ်။ 

 

ကင်ညာနိုင်ငံမှာ ဒီနည်းလမ်းကို ၁၉၅၀ ပြည့်နှစ်များ စတင်အသုံးပြုနိုင်ခဲ့ပေမယ့် ၂၀ဝ၉ ခုနှစ်လောက်မှာ ကင်ညာဘိုင်အိုဓါတ်ငွေ့အစီစဉ် (KBP) ကနေ လူသိများအောင် လုပ်ဆောင်ပေးရာကနေ လူသုံးများလာတယ် လို့ သိရပါတယ်။ 

 

ဘိုင်အိုဓါတ်ငွေ့ကို ကင်ညာနိုင်ငံနဲ့ ပြိုင်ဘက်အနေနဲ့ အီသီယိုးပီးယားနိုင်ငံကလည်း တွင်ကျယ်စွာ သုံးစွဲနေသလို ယူဂန်ဒါ၊ တန်ဇန်းနီးယား နဲ့ ရဝမ်ဒါနိုင်ငံတွေကလည်း စမ်းသပ်သုံးစွဲနေကြကြောင်း သိရပါတယ်။ 


MDN
ကိုးကား - AFP