မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ RDT Test Kit ဖြင့် အခမဲ့စစ်ဆေးပေး

မယ်စဲ့ စက်တင်ဘာ ၁၆

 

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများနှင့် ဈေးဆိုင်များအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ Rapid Antigen Diagnostic Test Kit ဖြင့် စစ်ဆေးပေးခြင်းကို ယမန်နေ့က မြို့နယ်ပြည်သူ့ဆေးရုံ၌ အခမဲ့ စစ်ဆေးပေးကြောင်း သိရသည်။

 

မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ ၁၂ ဦး ပထမဆုံးတွေ့ရှိပြီးနောက် ၎င်းတို့နှင့် ထိစပ်မိသူ သံသယလူနာ ၁၇၇ ဦးအား မြို့နယ်ကျန်းမာရေးဦးစီးဌာနက RDT Test Kit ဖြင့် စစ်ဆေးပေးခဲ့ရာ အမျိုးသား ၁၇ ဦး၊ အမျိုးသမီး ၉ ဦး၊ စုစုပေါင်း ၂၆ ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ကြောင်း သိရသည်။

 

မယ်စဲ့မြို့နယ်တွင် ယနေ့အထိ ကိုဗစ်-၁၉ ပိုးတွေ့လူနာ စုစုပေါင်း ၅၁ ဦး ရှိပြီး အဆိုပါ ပိုးတွေ့လူနာများအား မြို့နယ်အားကစားခန်းမ ကုသရေးစင်တာနှင့် မြို့နယ်ပြည်သူ့ဆေးရုံ ကုသရေးစင်တာ၌ ထားရှိပြီး ကျန်းမာရေးစောင့်ရှောက်မှု ပေးလျက်ရှိကြောင်း သိရသည်။

 

ဝတ်ရည်(ပြန်/ဆက်)