မြဝတီမြို့ရှိ နာနတ်ဝိုင်ပုလင်းသွတ်အလုပ်ရုံ သိုလှောင်ခန်း မီးလောင်

မြဝတီ၊ ၂၆ ဇန်နဝါရီ

 

ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်၊ မေတ္တာ ၅ လမ်းရှိ ရွှေမန္တလေး နာနတ်ဝိုင် ပုလင်းသွတ် အလုပ်ရုံ၌ ဇန်နဝါရီ ၂၆ ရက် နံနက် ၁၀ နာရီ မိနစ် ၂၀ ခန့်က နာနတ်ဝိုင် သိုလှောင်ရာ အခန်း မီးလောင်မှု ဖြစ်ပွားသည်။

 

မီးလောင်မှုအား မြဝတီခရိုင် မီးသတ်စခန်းမှ ဒုတိယမီးသတ်ဦးစီးမှူး ဦးအောင်နိုင်ဦး ဦးစီးသော မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန် မီးသတ်တပ်ဖွဲ့ဝင်များ၊ သင်္ဃန်းညီနောင် နယ်မြေမီးသတ်စခန်းမှ မီးသတ် တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်ယာဉ်များ၊ မီးသတ် ရေသယ်ယာဉ်များဖြင့် ပူးပေါင်း၍ မီးငြှိမ်းသတ်ရာ ၁၀ နာရီ ၄၈ မိနစ်တွင် မီးငြိမ်းသွားခဲ့သည်။

 

မီးလောင်မှုမှာ ဝရန်တာတပ်ဆင်ရန် ဝရိန်ဆော်ရာမှ မီးပွားများ စက္ကူဖာပေါ်သို့ကျပြီး မီးကူးစက် လောင်ကျွမ်းခြင်း ဖြစ်ကြောင်း၊ မီးလောင်မှုကြောင့် လူနှင့် တိရစ္ဆာန် ထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်းမရှိဘဲ အရက်ဆီ စိမ်ထားသော ဂါလန် ၅၀ ခန့်ရှိ စပ်အရက်များ၊ အနီးအနားရှိ အရက်အဆီထုပ်များ ထည့်ထားသော ဖာ နှစ်ဖာ မီးလောင်ဆုံးရှုံးခဲ့ကာ မီးပေါ့ဆစွာ အသုံးပြုသူ စိုးနိုင်မိုးအား မြဝတီ မြို့မ ရဲစခန်းမှ ဥပဒေအရ အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ထိန်လင်းအောင်(ပြန်/ဆက်)