မြဝတီမြို့ရှိ  အသက် ၈၀နှင့်၈၅နှစ်ကြား ဘိုးဘွားများအား ငွေကြေးထောက်ပံ့

မြဝတီ ၂၄  စက်တင်ဘာ

 

ကရင်ပြည်နယ် မြဝတီမြို့၌ အသက် ၈၀ နှစ်နှင့် ၈၅ နှစ် ကြား ဘိုးဘွားများကို ကိုဗစ်-၁၉ စီးပွားရေး ကုစားမှုအစီအစဉ်အရ ထောက်ပံ့ငွေများ‌‌ ပေးအပ်ခြင်းအခမ်းအနားကို စက်တင်ဘာလ ၂၁ ရက် မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။

 

အခမ်းအနားတွင် မြဝတီမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးဇော်ကိုကိုက အဖွင့်အမှာစကားပြောကြားပြီး မြဝတီ ခရိုင်လူမှုဝန်ထမ်းဦစီးဌာနမှ ဒုတိယညွန်ကြားရေးမှူး ဦးကျော်သူနိုင်က လူမှုကာကွယ် စောင့်ရှောက်ရေး အမျိုးသား အဆင့်မဟာဗျူဟာစီမံချက်အရ အသက် ၈၅ နှစ်အထက်ဘိုးဘွားများအား တစ်လလျှင် တစ်သောင်းနှုန်းဖြင့် သုံးလတစ်ကြိမ် ပေးလျက်ရှိကြောင်း၊ ယခုအခါ ပေးအပ်သည့် ထောက်ပံ့ငွေများသည် ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီ အစဉ်အရ အသက် ၈၀ နှင့် ၈၅ ကြား ဘိုးဘွားများကို ပထမဆုံးအကြိမ်ပေး အပ်ဖြစ်ကြောင်းကို ရှင်းလင်း ပြောကြားသည်။

 

အဆိုပါ ထောက်ပံ့ငွေများ ပေးအပ်ရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်အရ မြဝတီမြို့နယ် အတွင်းရှိ အသက် ၈၀ နှင့် ၈၅ ကြား သက်ကြီး အဘိုးအဘွား တစ်ဦးလျှင် ငွေကျပ် သုံးသောင်းဖြင့် စုစုပေါင်း ၁၉၀ ဦး အား ထောက်ပံ့ ငွေကျပ် ၅၇၀ဝ၀ဝ၀ ကို သက်ဆိုင်ရာအတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများထံသို့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

မန်းသန်းရွှေမြင့်