မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော် ၂၀ ဖေဖော်ဝါရီ

 

ဖေဖော်ဝါရီ ၁၉ ရက် နံနက်က တာမွေမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် တာမွေမြို့နယ်၊ နတ်မောက်ရပ်ကွက်၊ ကျိုက္ကဆံလမ်းတွင် ဟိန်းလတ်()ဘီလား မောင်းနှင်သည့် မော်တော်ယာဉ်နှင့် အောင်မြင့်မြတ်()အောင်လေး မောင်းနှင်သည့် မော်တော်ယာဉ်တို့အား ရပ်တန့်လျက်တွေ့ရှိ၍ ရှာဖွေစစ်ဆေးရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၉၀၆၀၊ အိုက်စ် သုည ဒသမ ၀၀၆ ကီလို၊ လက်ကိုင်ဖုန်းတစ်လုံးနှင့် ဓား ၂ ချောင်းတို့ကို သိမ်းဆည်းရမိခဲ့သည်။

 

အလားတူ ယင်းနေ့ ညနေပိုင်းတွင် ၁၆၄၅ အချိန် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မိုးနဲမြို့နယ်၊ မိုင်းကိုင်ကျေးရွာအုပ်စု၊ ဆိုက်ဖယ်ကျေးရွာနှင့် ကင်တုံကျေးရွာကြားရှိ ဖိုင်တုံဆည်လမ်းခွဲတွင် ဖားမီမောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀ ကိုလည်းကောင်း၊  ထို့အတူ ယင်းနေ့ ညနေ ၅ နာရီက  မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် လားရှိုးမြို့၊ အမှတ်()ရပ်ကွက်၊ သီတာလွင်လမ်းတွင် ဟူချိန်လုံ()အားပေါင် မောင်းနှင်လာသည့် မော်တော်ယာဉ်ကို ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၂၀၀၀ နှင့် လက်ကိုင်ဖုန်း တစ်လုံးတို့ကိုလည်းကောင်း၊ အလားတူ ဖေဖော်ဝါရီ ၂၀ ရက် နံနက်ပိုင်းတွင် လွိုင်ဆောင်ထောက်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မိုင်းရှူးမြို့နယ်၊ ဟိုဆိုင်ကျေးရွာအုပ်စု၊ ပန်းငကျေးရွာအနီး မိုင်းရှူး-မိုင်းစံသွားကားလမ်းတွင် စိုင်းအုံမောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ ဆိုင်ကယ်ပေါ်ရှိဝါးခြင်းအတွင်းမှ ဘိန်းစိမ်း ၈ ဒသမ ၈၁၈၂ ကီလို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

 

ရဲပြန်ကြား