မူဆယ်တွင် ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ပရဟိတအသင်းအဖွဲ့များအတွက် ကာကွယ်ကုသရေးအထောက်အကူပြုပစ္စည်းများ ပေးအပ်လှူဒါန်း

မူဆယ်  ၃၀  မတ်            
                     
ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်ခရိုင်အတွင်းရှိ ပြည်သူလူထုများ ကိုရိုနာဗိုင်းရပ်စ်ကြိုတင်ကာကွယ်နိုင်ရန်နှင့် ကြိုတင်ကာကွယ်နိုင်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ နှင့် ပရဟိတအသင်းအဖွဲ့များအတွက် ငွေကျပ် ၁၀,၈၂၀,ဝ၀ဝ တန်ဖိုးရှိ  ဆက်စပ်ပစ္စည်းများကို ယမန်နေ့ နံနက်ပိုင်းက ခရိုင်စုပေါင်းရုံးရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ လာရောက်ပေးအပ်လှူဒါန်းသည်။

 ထိုသို့ လာရောက်လှူဒါန်းမှုများတွင် မူဆယ်မြို့ ရွှေရောင်လင်းသစ်ကုမ္ပဏီမှ ကျပ်သိန်း(၄၀)တန်ဖိုးရှိ Mask ခုရေ (၆၀ဝ၀)၊ ကျပ်(၂၄)သိန်း တန်ဖိုးရှိ PPE ဝတ်စုံ (၁၀ဝ)တို့ကို ပေးအပ်လှူဒါန်းပြီး  မူဆယ်မြို့ ဒေသခံအသီးသီးက  ခုတင်(၂၀ဝ)ဆံ့ ခရိုင်ပြည်သူ့ဆေးရုံကြီးအတွင်း(Isolation) ထားရှိမည့် ကုတင်(၃၄)လုံးအတွက် တန်ဖိုးငွေ ကျပ် (၄၄)သိန်းကိုလည်းကောင်း၊ ဝုန်းမေတ္တာလူမှုကူညီရေးအသင်းမှ ငွေကျပ်(၁၀)သိန်းတို့ကိုလည်းကောင်း လာရောက်ပေးအပ်လှူဒါန်းရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသူရိန်နှင့် ကိုရိုနာဗိုင်းရပ်စ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်မှုကော်မတီ(မူဆယ်)မှ တာဝန်ရှိသူများက လက်ခံရယူသည်။

 

a

 

 မူဆယ်မြို့တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်လာခြင်းမရှိစေရန်အတွက် ကြိုတင်ကာကွယ်မှုများကို ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ပရဟိတအသင်းအဖွဲ့များက အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်လျက်ရှိရာ ပြည်သူလူထုများထံ၌လည်း နှာခေါင်းစည်းများကို အခမဲ့ဖြန့်ဝေပေးလျက်ရှိသည်။

အလားတူ မူဆယ်မြို့၊ နယ်စပ်ဒေသတာဝန်ရှိသူများနှင့် တရုတ်နိုင်ငံ၊  ယူနန်ပြည်နယ်၊ ရွှေလီ-ကျယ်ဂေါင် တာဝန်ရှိတို့က နှစ်နိုင်ငံ၊ နယ်စပ်ဒေသတွင် ကိုရိုနာဗိုင်းရပ်စ်ကြိုတင်ကာကွယ်ခြင်းနှင့်ပတ်သက်၍ ကြိုတင်ကာကွယ်မှုလုပ်ငန်းများကို အရှိန်အဟုန်မပျက် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မိုင်းဘဉာဏ်