မူဆယ်၌ အိမ်မွေးခွေးများကို ခွေးရူးရောဂါကာကွယ်ဆေးများ (အခမဲ့) ထိုးနှံပေး

မူဆယ်၊  ၂၃  ဇန်နဝါရီ

 

ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်ခရိုင်၊ မူဆယ်မြို့၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ   ကမ္ဘာလုံးဆိုင်ရာ၂၀၁၈-၂၀၃၀ ခွေးရူးရောဂါကင်းစင်ပပျောက်ရေးရည်မှန်းချက်အတွက် ရပ်ကွက်များအတွင်းရှိ အိမ်မွေးခွေးများကို ဇန်နဝါရီ ၂၂ ရက်က ခွေးရူးရောဂါ ကာကွယ်ဆေး (အခမဲ့) ထိုးနှံပေးသည်။

 

ပြည်သူလူထုအတွင်း အိမ်မွေးတိရစ္ဆာန် (ခွေး၊ကြောင်) များတွင် ခွေးရူးရောဂါ ကာကွယ်ဆေးထိုးနှံခြင်း အလေ့အထကောင်းများ တိုးပွားလာစေရန်အတွက် ခွေးရူးရောဂါကာကွယ် ဆေးများ (အခမဲ့) ထိုးနှံပေးခြင်းကို မူဆယ်မြို့ပေါ်ရပ်ကွပ်များ အတွင်းရှိ ခွေး၊ ကြောင်များအား ခရစ်ယာန် ရပ်ကွက် (လူငယ်ဇရပ်) နှင့် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနရုံးတို့တွင် အခမဲ့ထိုးပေးခဲ့ရာ     အိမ်မွေးခွေးအကောင် ၁၀၀ အား ထိုးနှံပေးနိုင်ခဲ့ကြောင်းကို မြိုနယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါက်တာစန္ဒာကြည်ထံမှ သိရသည်။

 

စန္ဒာ(ပြန်/ဆက်)      

 

mdn