မုန်တိုင်းဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး သဏ္ဍာန်တူဇာတ်တိုက် လေ့ကျင့်

လှိုင်းဘွဲ ၈ ဇန်နဝါရီ

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက ဦးဆောင်ကျင်းပသော ကိုမောင်ကျေးရွာအုပ်စု ကျွန်းမီးကျေးရွာ ရွာဦးဘုန်းတော်ကြီးကျောင်းတွင် မုန်တိုင်းဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခန်းကို ယနေ့နံနက် ၁၀ နာရီတွင် ပြုလုပ်ခဲ့သည်။

မုန်တိုင်းဘေးအန္တရာယ်နှင့် သဘာဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်တားဆီးမှုနှင့် လတ်တလော ဖြစ်ပေါ်လာသည့် ဘေးအန္တရာယ်များကို တားဆီးဆောင်ရွက်နိုင်စေရန်၊ မုန်တိုင်းကျရောက်လာပါက ကြိုင်တင်ပြင်ဆင်ရန်၊ မုန်တိုင်းဖြစ်ပေါ်နေစဉ် လိုက်နာရန်အချက်များ ရှောင်ရှားသင့်သည့် အချက်များ မုန်တိုင်းဖြစ်ပေါ်ပြီးချိန်တွင် ပြုလုပ်ရန်အချက်များအား ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ညွှန်ကြား ရေးမှူး ဦးတင်ထွဋ်နှင့် Malteser International မှ တာဝန်ခံ ဦးကျော်ဆွေ၊ မြို့နယ်ထွေ/အုပ်ဦးစီးဌာနမှ ဒုဦးစီးမှူး နေလင်းထက်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများက ဦးဆောင်၍ သဏ္ဍာန်တူဇာတ်တိုက် လေ့ကျင့်ခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)

 

mdn