မုန်တိုင်း မီတက် တောင်ကိုရီးယားတွင် တိုက်ခတ် ၁၀ဦး ထက်မနည်းသေဆုံး

 

၄ အောက်တိုဘာ

 

တောင်ကိုရီးယားနိုင်ငံတွင် ဗုဒ္ဓဟူးနေ့က အပူပိုင်းမုန်တိုင်း မီတက် တိုက်ခတ်မှုကြောင့် ၁၀ ဦးထက်မနည်းသေဆုံးပြီး အိမ်ခြေ ၁၂၀၀ ကျော် ပျက်စီးခဲ့သည်ဟု သိရသည်။

 

မုန်တိုင်း မီတက်သည် တောင်ကိုရီးယားနိုင်ငံ အနောက်တောင်ပိုင်းနှင့် ကျွန်းဆွယ်ကို ဖြတ်သန်းတိုက်ခတ်ကာ ကြာသပတေးနေ့ မနက်ပိုင်းတွင် ဂျပန်ပင်လယ်ပြင်ကို တိုက်ခတ်ခဲ့ခြင်း ဖြစ်သည်။

 

တောင်ကိုရီးယားနိုင်ငံတောင်ပိုင်းနှင့် အခြားဒေသများတွင် ကြာသပတေးနေ့ ညနေပိုင်းက မိုးရေချိန် ၅၅၀ မီလီမီတာအထက်ရောက်ရှိခဲ့သည်။

 

တောင်ကိုရီးယားနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့တော် ဘူဆန် တွင် မြေပြိုမှုများဖြစ်ပွားသောကြောင့် နှစ်ဦးသေဆုံးပြီး အခြားနှစ်ဦးကို ကယ်ဆယ်ရေးသမားက ရှာဖွေတွေ့ရှိခဲ့ကြသည်။

 

ထိုမုန်တိုင်းတိုက်ခတ်မှုကြောင့် အိမ်ခြေ ၁၂၀၀ ကျော် ရေလွှမ်းမိုးခြင်းခံရပြီး အခြားသောအရာများ ပျက်စီးသွားကြောင်း နှင့် ကြာသပတေးနေ့ညနေပိုင်းက ၂၀ ရာခိုင်နှုန်း ပြင်ဆင်ရေးလုပ်ဆောင်ပြီးသွားပြီ ဖြစ်ကြောင်း  ပြည်ထဲရေးနှင့်လုံခြုံရေး ဝန်ကြီးဌာနက ဆိုသည်။

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို