မုံရွာကုန်စည်ဒိုင်မိသားစုမှ ဘုန်းတော်ကြီးကျောင်း ၁၃ ကျောင်းနှင့် သီလရှင်ကျောင်း ၉ ကျောင်းအတွက် လှူဒါန်း

mdn

မုံရွာ ၂၀ အောက်တိုဘာ

 

မုံရွာကုန်စည်ဒိုင်မိသားစုမှ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း ဘုန်းတော်ကြီးကျောင်း ၁၃ ကျောင်းနှင့် သီလရှင်ကျောင်း ၉ ကျောင်းအတွက် ငွေကျပ် ၅၂ သိန်း၊ ဆန် ၂၄ ပြည်ပါ အိတ်အလုံး ၂၀၊ ဆီ ၁၀ ပုံး၊ ကြက်ဥ ၁၀ ဖာ၊ ပဲ ၄၈ ပြည်၊ ပဲကြော်များကိုလည်း လှူဒါန်းခဲ့ကြောင်း သိရသည်။

 

မုံရွာကုန်စည်ဒိုင်မှ တာဝန်ရှိသူများသည် မုံရွာမြို့ရှိ ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်ကျောင်းများဖြစ်ကြသော  မဟာဇောတိကရာမကျောင်းတိုက်၊ အနောက်လယ်တီကျောင်းတိုက်၊ စန်းမြရောင်ခြည်ကျောင်းတိုက်၊ သထုံဝံသကျောင်းတိုက်၊ ဇောင်ကြမ်းပင်ကျောင်းတိုက်၊ ရန်ကင်းကျောင်းတိုက်၊ သာသနာ့ရောင်ခြည်ကျောင်းတိုက်၊ အုတ်ကန်တောရကျောင်းတိုက်၊ မြို့မရွှေကူကျောင်းတိုက်၊ အသောကကျောင်းတိုက်၊ သုဗောတာရုံကျောင်းတိုက်၊ ပဇ္ဇောတာရုံကျောင်းတိုက်၊ ဧသုဝတီကျောင်းတိုက်၊ အရှေ့လယ်တီကျောင်းတိုက်၊ အနောက်လယ်တီ (သီလရှင်) ကျောင်းတိုက်၊ ချမ်းမြေ့ကျောင်းတိုက်၊ ပဥ္ဇူစက္ကကျောင်းတိုက်၊ ရတနာ့ရောင်ခြည်ကျောင်းတိုက်၊  ယင်းမာမြိုင်ကျောင်းတိုက်၊ သီလဝတီကျောင်းတိုက်၊ သာသနာ့ရောင်ခြည်(သီလရှင်) ကျောင်းတိုက်၊ မကုဋာရာမကျောင်းတိုက်တို့အား လှူဒါန်းခဲ့ကြောင်း သိရသည်။

 

မွှေးကြူဇင်