မုဒုံမြို့နယ်အတွင်း နယ်လှည့်အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်

မုဒုံ ၁၆ အောက်တိုဘာ 

 

မုဒုံမြို့နယ်၊ နိုင်းပြိုင်ကျေးရွာ (ကျေးရွာအုပ်ချုပ်ရေးမှူးရုံး)တွင် ဌာနဆိုင်ရာများပါဝင်သည့် ပူးပေါင်းအဖွဲ့သည် အသိပညာပေးဟောပြောခြင်းကို အောက်တိုဘာ ၁၆ ရက် နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့ကြသည်။

 

ဟောပြောပွဲတွင် ပြည်နယ်လူကုန်ကူးမှု တားဆီးကာကွယ်ရေးအဖွဲ့ (မြို့နယ်တာဝန်ခံ) ရဲအုပ်သိန်းဇော်မြင့်က လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများ၊ မြို့နယ်တိုင်းရင်းဆေးပညာဦးစီးဌာနမှ တိုင်းရင်းဆေးမှူး ဒေါ်မြင့်မြင့်စန်းက ကျန်းမာရေးဆိုင်ရာ သိကောင်းစရာများ၊ မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးစန္ဒာထွန်းက စာဖတ်ခြင်း၏ အကျိုးကျေးဇူးများနှင့် ကလေးသူငယ် အလုပ်သမား ပပျောက်ရေးဆိုင်ရာ သိကောင်းစရာများကို အသိပညာပေး ဟောပြောခဲ့ကြကြောင်း သိရသည်။

 

နှင်းယုလွင်(ပြန်/ဆက်)

 

mdn