မုဒုံမြို့နယ် အဇင်းဆည်အတွင်း ငါးမြစ်ချင်းငါးသားဖောက်ကောင်ရေ ငါးသောင်းစိုက်ထည့်

မုဒုံ    ၂၅  စက်တင်ဘာ    

 

မွန်ပြည်နယ် မုဒုံမြို့နယ်ရှိ အဇင်းဆည်းအတွင်းသို့ အမော်လမြိုင်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ ငါးမြစ်ချင်း ငါးသားဖောက် ကောင်ရေ ငါးသောင်းကို ယနေ့နံနက် ၈ နာရီက ငါးမျိုးစိုက်ထည့်ပေးခဲ့သည်။

 

ထိုသို့ ငါမျိုးများစိုက်ထည့်ပေးရာတွင် မော်လမြိုင်ခရိုင် ငါးလုပ်ငန်း ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဝင်းမြင့်က ငါးသယံဇာတများ  စဉ်ဆက်မပြတ်ထုတ်လုပ်နိုင်စေရန်၊ ငါးမျိုးပြုန်းတီးမှုများ မရှိစေရန်နှင့် ဒေသတွင် ငါးစားသုံးမှုဖူလုံစေရန်အတွက် မျိုးစိုက် ထည့်ပေးရခြင်းဖြစ်ကြောင်း ပြောကြားပြီး ငါးမျိုး စိုက်ထည့်ရာတွင် မော်လမြိုင်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဝင်းမြင့်နှင့်ဝန်ထမ်းများ၊ မြို့နယ်ဆည်မြောင်း ဦးစီးဌာနမှ အဇင်းဆည်တာဝန်ခံ များနှင့်အဖွဲ့ဝင်များ တို့က အဆိုပါ ဆည်အတွင်းသို့ ငါးမြစ်ချင်း ငါးသားဖောက်ကောင်ရေ ငါးသောင်းကို စိုက်ထည့်ပေးခဲ့ကြကြောင်း သိ ရသည်။

 

အောင်မျိုးသူ(ပြန်/ဆက်)